ရှေ့ဆက်ချီတတ်ရဦးမယ့် ကရင်တော်လှန်ရေး အပိုင်း (၁)- ဆောင်းပါး

18 April 2022
ရှေ့ဆက်ချီတတ်ရဦးမယ့် ကရင်တော်လှန်ရေး အပိုင်း (၁)- ဆောင်းပါး

အရင်တုန်းကတော့ ကရင်လူမျိုးတွေဆိုတာ အနေအထိုင် သိမ်မွေ့နူးညံ့သူတွေအဖြစ် လူသိများခဲ့ကြပါတယ်။ ဝေးလံခေါင်ဖျားလှတဲ့ တောတောင်တွေ၊ ချိုင့်ဝှမ်းဒေသတွေမှာ အသက်မွေးရင်း၊ ဒါမှမဟုတ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ အဆုံးအစ မရှိတဲ့ လယ်ကွင်းတွေမှာ စပါးစိုက်ရင်း ရှင်သန်နေထိုင်လာခဲ့ကြတာပါ။ သူတို့ကို ကာလရှည်ကြာ ဖိနှိပ်ခဲ့တဲ့ လူများစု ဗမာတွေနဲ့ ရင်ဆိုင်ရတိုင်း အများအားဖြင့် ထိပ်တိုက်တွေ့ဖို့ထက် ရှောင်ဖယ်အလျော့ပေးတတ်ကြပါတယ်။

ကရင်လူမျိုးတွေက လေးသံနားစွင့်နေရတဲ့ ငှက်တွေလိုပဲဆိုပြီး ဗြိတိသျှသမိုင်းဆရာတဦးက မှတ်တမ်းတင်ခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကရင်မိဘတွေက သားသမီးတွေကို “စားစရာရှိတာ သွက်သွက်စား၊ စားစရာရှိတာ မြန်မြန်စား၊ ဗမာတွေ လာလိမ့်မယ်” ဆိုပြီး ဆုံးမတတ်ကြလို့ပါ။

အခုတော့ အဲဒီခေတ်တုန်းကနဲ့ အတော်လေး ပြောင်းလဲကွာခြားသွားခဲ့ပါပြီ။ ကရင်တော်လှန်ရေး ခရီးရှည်ကြီး စတင် ချီတက်လာပြီး (၇၃) နှစ်အကြာမှာ ပဉ္စမမျိုးဆက် တော်လှန်ရေးစစ်သည်တွေက ဗမာလူမျိုး ကြီးစိုးတဲ့ မြန်မာစစ်တပ်ကို ဆက်လက် ရင်ဆိုင်တိုက်ပွဲဝင်နေကြပါတယ်။ ဗဟိုချုပ်ကိုင်မှုကနေ ကိုယ်ပိုင်ပြဌာန်းခွင့် ရယူဖို့ ရည်မှန်းချက်နဲ့ ကရင်လူမျိုးတွေဟာ ခေတ်သစ်ကမ္ဘာ့သမိုင်းမှာ အရှည်ကြာဆုံး လက်နက်ကိုင် တော်လှန်ရေးကို ဆက်လက် ဆင်နွှဲနေကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ အရင်တည်းက မခိုင်မာခဲ့တဲ့ အပစ်အခတ်ရပ်စဲမှု သဘောတူညီချက် ပျောက်ကွယ်သွားပြီး ကရင်တော်လှန်ရေးရဲ့ အဓိက အဖွဲ့အစည်းတခုဖြစ်တဲ့ ကေအန်ယူနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပြန်လည် စတင်လာခဲ့ပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံအရှေ့ပိုင်းက ကရင်ပြည်သူတွေခမျာ စစ်ပွဲအနိဌာရုံတွေကို ထပ်မံ ခံစားကြရပါတော့တယ်။ 
#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly