ဒယ်ဂူးမြို့၌ အမျိုးသားညီညွတ်ရေးအစိုးရ ၁ နှစ်ပြည့် အခမ်းအနား ကျင်းပ

18 April 2022
ဒယ်ဂူးမြို့၌ အမျိုးသားညီညွတ်ရေးအစိုးရ ၁ နှစ်ပြည့် အခမ်းအနား ကျင်းပ

တောင်ကိုးရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၌ ဒယ်ဂူးဘုန်းဘုန်း ဦးဆောင်ကာ အမျိုးသားညီညွတ်ရေး အစိုးရ NUG ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ယမန်နေ့ ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် တကွ မတရား ဖမ်းဆီး ခံထားရသော ပြည်သူများ လွတ်မြောက်ရေး၊ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သည့် သူရဲကောင်းများ ကောင်းရာသုဂတိလားပါစေကြောင်း ငါးလွှတ် ဆုတောင်းခဲ့သည်။

ထို့အပြင် ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး၊ စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံ တည်ထောင်နိုင်ရေး အတွက် တော်လှန်ရေး ရန်ပုံငွေ ရရှိရေး ဒယ်ဂူးဘုန်းဘုန်းက မိန့်ကြားခဲ့သည်။
#တောင်ကိုရီးယား
#NUG
#ဒယ်ဂူးဘုန်းဘုန်း
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly