မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဧပြီလ ၁၈ ရက် ၂၀၂၂ ခုနှစ်)    

18 April 2022
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဧပြီလ ၁၈ ရက် ၂၀၂၂ ခုနှစ်)    

အီတလီနိုင်ငံမှာ ရိုးရာသစ်သားရက်ကန်းစင်တွေ သုံးပြီး နှစ်ရာချီထဲကနည်းတွေနဲ့ ကတ္တီပါရက်လုပ်တဲ့ မိသားစုရက်ကန်းလုပ်ငန်း ဗင်းနစ်မြို့မှာ တခုပဲ ကျန်ပါတော့တယ်။ ၁၈၇၅ ခုနှစ်ထဲက ရှိခဲ့တဲ့ ရက်ကန်းရုံကနေ လက်ရာမြောက်ကတ္တီပါဒီဇိုင်းတွေကို ထုတ်လုပ်နေတာပါ။ မစုမြတ်မွန် ကမ္ဘာတလွှားခရီးသွား အစီအစဉ်မှာ တင်ဆက်ထားပါတယ်။  ဒီတပတ် အာရှစီးပွားရေး ကဏ္ဍမှာတော့ -  လောင်စာဆီ ပြတ်လပ်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ ငါးဖမ်းလှေတွေ ပင်လယ်ပြင်ထဲ ပုံမှန်ထွက်ဖို့ အဆင်မပြေတဲ့အတွက် တံငါသည်တွေ ဝင်ငွေကျဆင်းလာတဲ့အကြောင်းနဲ့ မလေးရှားနိုင်ငံမှာတော့ ကိုဗစ် ကန့်သတ်တားမြစ်ချက်တွေ ရုပ်သိမ်းထားတာကြောင့် ရာမဒန် ဥပုသ်ကာလအတွင်း စာသောက်ဆိုင်တွေမှာ လူစည်ကား ရောင်းကောင်းနေတဲ့ အကြောင်းကို ကိုညာဏ်ဝင်းအောင်က တင်ပြထားပါတယ်။ ဒီလို ဗဟုသုတ၊ ပညာပေးနဲ့ ရသစုံလင်အစီအစဉ်တွေ ကို ဧပြီလ (၁၈)  ရက်နေ့ မဇ္ဈိမ အတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။
#မဇ္ဈိမအတွက်ဗွီအိုအေသတင်း
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly