ပေါင်းတည်မြို့နယ် လဲပင်ကျေးရွာကို စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၅ဦးသေဆုံး

ပေါင်းတည်မြို့နယ် လဲပင်ကျေးရွာကို စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၅ဦးသေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ လဲပင်ကျေးရွာကို ဧပြီလ ၁၆ ရက်နေ့ နေ့လယ်၂ နာရီခွဲအချိန်က စစ်ကူလာပေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းကို ငါးရှဉ့်ကွင်းရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၃၆၀၁) တပ်ခွဲ(၁)မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လဲပင်ကျေးရွာကို တက်လာတဲ့ စစ်ကြောင်းကို ငါးရှဉ့်ကွင်းရွာ အထွက်နားက စောင့်ကြိုတိုက်ခိုက်တာပါ စစ်ကောင်စီက လဲပင်ကျေးရွာကို ပြန်ပြီး ခြေကုတ်ယူနိုင်ဖို့ ကြိုးစားနေတာပါ”ဟု Bago Region PDFပြန်ကြားရေးတာဝန်ခံမှပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၅ရက်နေ့ကလည်း အဆိုပါ လဲပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ လဲပင်ကျေးရွာကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီးခဲ့သည်။

လဲပင်ကျေးရွာနှင့် ငါးရှဉ့်ကွင်းကျေးရွာတို့တွင် ဧပြီလ ၁၅ရက်နေ့နှင့် ၁၆ရက်တို့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှအနည်း ဆုံးရှစ်ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDFအဖွဲ့မှ ထုတ်ပြန်ထားသည်။

#ပဲခူးတိုင်း

#ပေါင်းတည်မြို့နယ်

#လဲပင်ကျေးရွာ

#Bago Region PDF

#မိုင်းဆွဲတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly