ဖားကန့်မြို့တွင် “နှစ်သစ်လည်းကြို ဖက်ဆစ်လည်းဖြို“စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်

17 April 2022
ဖားကန့်မြို့တွင် “နှစ်သစ်လည်းကြို ဖက်ဆစ်လည်းဖြို“စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်

ဧပြီ ၁၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် မြန်မာ့ရိုးရာ နှစ်သစ်ကူး ၁ ရက်နေ့ ဧပြီလ ၁၇ ရက်နေ့ ဖားကန့်ပြည်သူများက “နှစ်သစ်လည်းကြို ဖက်ဆစ်လည်းဖြို“ ခေါင်းစဉ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်မှောက်ခဲ့ကြသည်။

ဆန္ဒပြ ပြည်သူများက KIA၊ PDF တိုက်ပွဲတိုင်းမာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ ဖက်ဆစ်လည်းဖြို နှစ်သစ်လည်းကြို ၊ ငွေတိုက်စာချုပ်ဝယ်ကြပါ ဒို့ရဲ ဘော်တွေ ထောက်ပံ့နိုင်ဖို့ ၊ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ ဖက်ဒရယ် ပြည်ထောင်စုနှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး စသည့် ကြွေးကြော်သံများဖြင့် ချီတက် သပိတ်မှောက်ခဲ့ကြသည်။

#ကချင်ပြည်နယ်

#ဖားကန့်မြို့

#သပိတ်မှောက်

#KIA

#PDF

#NUG

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly