ရီဟားနား၏ ANTI တေးသီချင်း အယ်လ်ဘမ် Tidal တေးသီချင်း ဝန်ဆောင်မှုတွင် နားဆင်နိုင်ပြီ

ရီဟားနား၏ ANTI တေးသီချင်း အယ်လ်ဘမ် Tidal တေးသီချင်း ဝန်ဆောင်မှုတွင် နားဆင်နိုင်ပြီ

ဇန်နဝါရီ ၂၈ ။            ။ ရီဟားနား၏ ဆဌမမြောက် တေးအယ်လ်ဘမ်သစ် ANTI ကို ယခုအခါ Tidal တေးသီချင်း ဝန်ဆောင်မှုတွင် နားဆင်နိုင်ပြီ ဖြစ်သည်။

ANTI တေးသီချင်းအယ်လ်ဘမ်ကို ဆန်ဒီယာဂိုမြို့တွင် ကျင်းပပြုလုပ်မည့် ရီဟားနား၏ ANTI ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီစဉ်မတိုင်မီ တစ်လအလို ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်က ဘေလ်ဘုတ်တွင် ဖော်ပြထားသည်။

ANTI တေးသီချင်းအယ်လ်ဘမ်ကို Tidal တေးသီချင်း ဝန်ဆောင်မှုတွင် တစ်ပတ်ကြာ နားဆင် နိုင်မည်ဖြစ်ပြီး  အထူးပြုလုပ်ထားသော မေတ္တာလက်ဆောင် တေးသီချင်း သုံးပုဒ်ကို Tidal တေးသီ ချင်း ဝန်ဆောင်မှုမှ ဇန်နဝါရီ ၂၉ ရက်တွင်  ထုတ်လွှင့်သွားမည် ဖြစ်သည်။

လစဉ်ကြေး ပေးသွင်းသူများနှင့် လစဉ်ကြေး ပေးသွင်းခြင်း မရှိသောသူများကို သတ်မှတ်ထား သော မေတ္တာလက်ဆောင် ဒေါင်းလုတ်ကုတ်များကို ဝန်ဆောင်မှုပေးထားပြီး ရက်ပေါင်း ၆၀ အခမဲ့ ပေးထားသည်။

ရီဟားနားသည် ANTI တေးသီချင်း အယ်လ်ဘမ်ထဲမှ ဒရာကီနှင့်အတူ သီဆိုထားသော “Work” တေးသီချင်းကို  ဇန်နဝါရီ ၂၇ ရက်က ထုတ်လွှင့်ခဲ့သည်။ ANTI တေးအယ်လ်ဘမ် မျက်နှာ ဖုံးဒီဇိုင်းကို  ရေနာချမ်းက ဒီဇိုင်းရေးဆွဲပေးသည်။ ရီဟားနားသည် ၂၀၁၂ ခုနှစ်က Unapologetic တေးသီချင်း အယ်လ်ဘမ်ကို နောက်ဆုံး ထွက်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly