တရုတ်နှင့် ရုရှားတို့သည် လနှင့် အင်္ဂါဂြိုဟ်၏ သဘာဝသယံဇာတများအား စူးစမ်းရှာဖွေအသုံးချရန် စီစဉ်ထားကြောင်း အမေရိကန် ထောက်လှမ်းရေး သတိပေး

တရုတ်နှင့် ရုရှားတို့သည် လနှင့် အင်္ဂါဂြိုဟ်၏ သဘာဝသယံဇာတများအား စူးစမ်းရှာဖွေအသုံးချရန် စီစဉ်ထားကြောင်း အမေရိကန် ထောက်လှမ်းရေး သတိပေး

တရုတ်နှင့် ရုရှားတို့က မကြာမီအချိန်တွင် ထိပ်တန်းအာကာသအင်အားကြီးနိုင်ငံဖြစ်လာရန် ကြိုးပမ်းနေ သဖြင့် လာမည့် နှစ် ၃၀အတွင်း လနှင့် အင်္ဂါဂြိုဟ်၏ သဘာဝသယံဇာတများအား စူးစမ်းရှာဖွေအသုံးချရန် အစီအစဉ် ရှိကြောင်း အမေရိကန်ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီ (DIA) ၏ အာကာသနှင့် တန်ပြန်အာကာသ ဆိုင်ရာအကြီးတန်းကာကွယ်ရေးသုံးသပ်လေ့လာသူ ကိရိုက်ဒါ က ဧပြီ ၁၂ရက်တွင် သတိပေးခဲ့သည်။

" တရုတ်နှင့် ရုရှားတို့က အာကာသ စူးစမ်းလေ့လာရေး ပဏာမခြေလှမ်းများကို ပူးပေါင်း၍ ဖြစ်စေ၊ တစ်နိုင်ငံချင်းဖြစ်စေ ကျယ်ကျယ်ပြန့် ပြန့်ကြိုးပမ်းနေကြပြီး အဆိုပါ ကြိုးပမ်းမှုများ အောင်မြင်ပါက လနှင့် အင်္ဂါဂြိုဟ်၏ သဘာဝသယံဇာတ များအား ရှာဖွေအသုံးချဖွယ်ရှိသည်” ဟု ရိုက်ဒါ က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ယင်းနယ်ပယ်တွင် အမေရိကန်၏ အဓိကပြိုင်ဘက်များအဖြစ် တရုတ်နှင့် ရုရှားတို့ကို အာရုံစိုက်ထားပြီး အာကာသအတွင်း လုံခြုံရေးစိန်ခေါ်မှုများဆိုင်ရာ အစီရင်ခံစာသစ်ကို အမေရိကန် ကာကွယ်ရေး ထောက်လှမ်း ရေး အေဂျင်စီက ထုတ်ပြန်ပြီးနောက် ယင်းကိစ္စလည်း ဖြစ်ပေါ်လျက် ရှိသည်။

တရုတ်နှင့် ရုရှားတို့သည် မဝေးလှသည့် အနာဂတ်တွင် ထိပ်တန်း အာကာသအင်အားကြီးနိုင်ငံများ ဖြစ်လာရန် ကြိုးပမ်းလျက်ရှိသည်ဟု ယင်းအစီရင်ခံစာက ဆိုသည်။

"တရုတ်နှင့် ရုရှားတို့က ထိပ်တန်း အာကာသအင်အားကြီးနိုင်ငံများ ဖြစ်လာရန် ကြိုးပမ်းနေကြပြီး တစ်ကမ္ဘာလုံး အတွက် အာကာသစံနှုန်းအသစ်များကို ဖန်တီးရန် ကြိုးပမ်းနေကြသည်။ အာကာသနှင့် တန်ပြန်အာကာသ ဆိုင် ရာစွမ်းရည်များကို အသုံးပြုခြင်းအားဖြင့် အာကာသကဏ္ဍတွင် အမေရိကန်၏ ခေါင်းဆောင်မှုကို လျှော့ချရန် လိုလားနေသည်" ဟု အေဂျင်စီက ပြောကြားခဲ့သည်။

တရုတ်နှင့် ရုရှားတို့၏ ပေါင်းစပ်အာကာသယာဉ်စုသည် ၂၀၁၉ခုနှစ်နှင့် ၂၀၁၉ခုနှစ်ကြားတွင် ၇၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၀၁၅-၂၀၁၈ ကာလတွင် ယင်းနှစ်နိုင်ငံသည် သက်ဆိုင်ရာ အာကာသယာဉ်များကို ၂၀ဝ ရာခိုင်နှုန်းကျော် တိုးမြှင့်ခဲ့ကြောင်း DIA မှ ပြောကြားခဲ့သည်။

အာကာသအတွင်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ၂၀၁၉ခုနှစ်အစောပိုင်းတွင် စတင်ထုတ်ဝေခဲ့ပြီး အမေရိ ကန် အာကာသစွမ်းရည်များ၏ အဓိကခြိမ်းခြောက်မှုများကို ဖြေရှင်းရန်၊ အာကာသနှင့် တန်ပြန်အာကာသ မဟာဗျူဟာများနှင့် စနစ်များကို ဆန်းစစ်ရန် တရုတ်နှင့် ရုရှားတို့က အဓိကလုပ်ဆောင်နေကြပြီး မြောက်ကိုရီးယားနှင့် အီရန်တို့ကလည်း အနည်းငယ်လုပ်ကိုင်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly