မြောက်ဥက္ကလာပမြို့နယ် (ခ)ရပ်ကွက်၌ ဗုံးပေါက်ကွဲမှု ၃ကြိမ်ဖြစ်ပွါး၊ စစ်ကောင်စီတပ်ဖွဲ့ ဖောက်ခွဲခြင်းဟုဆို

မြောက်ဥက္ကလာပမြို့နယ် (ခ)ရပ်ကွက်၌ ဗုံးပေါက်ကွဲမှု ၃ကြိမ်ဖြစ်ပွါး၊ စစ်ကောင်စီတပ်ဖွဲ့ ဖောက်ခွဲခြင်းဟုဆို

ဧပြီ ၁၆

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် (ခ)ရပ်ကွက်တွင် ယနေ့ဧပြီလ ၁၆ရက် မနက် ၈နာရီ ၃၅မိနစ်ခန့်က မြရတနာနှင့် တုဿီတာ လမ်းဆုံတွင် ဗုံး ပေါက်ကွဲမှု ဖြစ်ပွါးခဲ့သည်ဟု သိရသည်။

အဆိုပါနေရာတွင်ပင် ယမန်နေ့ည ၈နာရီနှင့် ၉နာရီကြားတွင် ဗုံးပေါက်ကွဲမှုနှစ်ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့သည် ဟုလည်း သိရသည်။

''မနေ့ညကတော့ သေချာတယ် သူတို့ပါသူတို့ဖောက်လိုက်တာ။အသံအကျယ်ကြီးနှစ်ကြိမ်ကြားရတယ်။စုံစမ်းကြည့်တော့ အိမ်စီးကားပေါ်ကနေအိတ်အမဲကို ပစ်ခဲ့တာ ကားခေါင်းပေါ်မှာ ယူနီဖောင်းဝတ်အရာရှိတစ်ဦးကိုလည်းတွေ့လိုက်တယ် ''ဟု အဆိုပါအနီးမှပြည်သူတစ်ဦးကဆိုသည်။

ယနေ့မနက်ပိုင်းတွင် မြရတနာနှင့် တုဿီတာ လမ်းဆုံ၌ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ရန်ပြင်ဆင်နေသည့် စစ်ကောင်စီတပ်သားများက ဗုံးတွေ့ရှိ၍ ထွက်ပြေးပြီးနောက် ဗုံးပေါက်ကွဲမှုဖြစ်ပွါးခြင်း လည်းဖြစ်သည်။

#ရန်ကုန်တိုင်း

#မြောက်ဥက္ကလာပမြို့နယ်

#ဗုံးပေါက်ကွဲ

#စစ်ဆေးမှုပြုလုပ်

#စစ်ကောင်စီတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly