ချင်းပြည်ထောင်တည်ဆောက်ရေးအတွက် ဘုံရည်မှန်းချက်များရရှိထား ဟု ICNCC ပြောကြား

ချင်းပြည်ထောင်တည်ဆောက်ရေးအတွက် ဘုံရည်မှန်းချက်များရရှိထား ဟု ICNCC ပြောကြား

ဧပြီ ၁၅

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီဖွဲ့စည်းခြင်း တနှစ်မြောက်အဖြစ် ကြေညာချက်တရပ်ထုတ်ပြန် ခဲ့ပြီး ချင်းပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘုံရည်မှန်းချက်များရရှိထားပြီဖြစ်ကြောင်းပြီဖြစ်ကြောင်း ICNCC တာဝန်ရှိသူ ထံမှသိရသည်။

“မတူကွဲပြားတဲ့နိုင်ငံရေးနဲ့ တက်ကြွလှုပ်ရှာမှုအဖွဲ့အစည်းတွေကလာကြတာဖြစ်လို့ နွေဉီးတော်လှန်ရေးရဲ့ ဘုံရည် မှန်းချက်တွေအတွက် အတူတကွစုစည်းကြတာဖြစ်ပေမဲ့ အပြန်အလှန်ယုံကြည်နိုင်အောင် အချိန်ပေးတည် ဆောက်ကြရတာဖြစ်ပါတယ်” ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC သဘာပတိအဖွဲ့ဝင် Salai Isaac Khen က မဇ္စျိမ ကိုပြောသည်။

ချင်းတစ်မျိုးသားလုံးနှင့်သက်ဆိုင်သော တော်လှန်ရေးကာလအရေးအရာများအတွက် လိုအပ်သော မူဝါဒများနှင့် လုပ်ငန်းစဥ်များကိုလည်း အခက်အခဲမျိုးစုံကြားမှ ညှိနှိုင်းဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း ကြာမီကာလ အတွင်း ချင်းပဋိညာဥ်နှင့် ချင်းလဲန်းအစိုးရ ပေါ်ပေါက်လာနိုင်ရေးအတွက် အခြေခံကျသော ညှိနှိုင်းဆောင်ရွက်မှု များပြီးစီးပါက မူလရည်မှန်းထားသည့် ဥပဒေပြုရေး၊ တရားစီရင်ရေးကိစ္စများအတွက် လိုအပ်သောယန္တရားများ ပေါ်ပေါက်လာမည်ဖြစ် ကြောင်းဆိုသည်။

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့် ချင်းပြည်ထောင်တည် ဆောက်ရေးဟူသောရည်မှန်းချက်များဖြင့် နွေဦးတော်လှန်ရေးကာလ ချင်းအမျိုးသားနိုင်ငံရေးစုရပ်တစ်ခုအဖြစ် စုစည်းရပ်တည်ဆောင်ရွက် နိုင်ရန်ရည်ရွယ်ချက်ဖြင့် စတင်ဖွဲ့စည်းခဲ့သော ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီသည် ဧပြီလ ၁၃ ရက် ၂၀၂၂ တွင် တနှစ်ပြည်မြောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအရ နွေဉီးတော်လှန်ရေးတွင်ပါဝင်နေသော Stakeholders များတွက် ချင်းအမျိုးသားနိုင်ငံရေးဆွေးနွေး တိုင်ပင်မှု Platform တစ်ခု ပေါ်ပေါက်လာခြင်း ၊ ဘုံရည်မှန်းချက်များအတွက် NUCC နှင့် NUG တို့တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ခြင်း၊ အရင်ကမရရှိခဲ့ဖူးသေးသော ချင်းပြည်ထောင်တည်ဆောက်ရေးအတွက် ဘုံရည်မှန်းချက် ထွက်ပေါ်လာခြင်းများသည် တနှစ်တာအတွင်း လုပ်ဆောင်မှုများထဲမှ အောင်မြင်မှုအချို့ဖြစ်ကြောင်းသိရသည်။

၎င်းအပြင် စစ်အာဏာသိမ်းမှုအားလက်မခံသည့် CDM ဝန်ထမ်းများ ၊ အကြမ်းဖက်စစ်ကောင်စီအား ပြတ်ပြတ်သား သား ခုခံတွန်းလှန်နေကြသည့် ချင်းဒေသအတွင်းရှိကာကွယ်ရေးတပ်ဖွဲ့အသီးသီးအား လေးစားဂုဏ်ပြုပါကြောင်း နှင့် အသက်စွန့်လွှတ်ခဲ့ကြသည့် သူရဲကောင်းများကို ဉီးညွတ်အလေးပြု မှတ်တမ်းတင်ပါကြောင်းနှင့် တော်လှန်ရေး ကာလလိုအပ်ချက်များအား ဘက်ပေါင်းစုံမှ ဖြည့်ဆည်းကူညီပေးသည့် ပြည်တွင်းပြည်ပမှ ချင်းမိဘပြည်သူများနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှများအား ကျေးဇူးတင်ရှိကြောင်းဖော်ပြသည်။

ICNCC အား ချင်းအမျိုးသားတပ်ဉီး ၊ ၂၀၂၀ ပြည်နှစ်ရွေးကောက်ပွဲတွင်အနိုင်ရရှိပြီး စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မပြုသည့် ပြည်နယ်အတွင်းရှိနိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ ၊ CDM ဝန်ထမ်းများ ၊ သပိတ် ကော်မတီများ ၊ အရပ်ဘက်အဖွဲ့အစည်းများ ၊ လူငယ်အမျိုးသမီးများ ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

#Mizzima

#ICNCC

#ချင်းပြည်ထောင်တည်ဆောက်ရေး

#ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required