ပုလောမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ပစ်သတ်ခံရ

By ကိုရွှေမြိတ်
15 April 2022
ပုလောမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ပစ်သတ်ခံရ

ဧပြီ ၁၅

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ဧပြီ ၁၄ ရက်နေ့ ညနေပိုင်းက ဆိုင်ကယ်စီးနင်း လာသည့် မြို့နယ်ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ကိုအောင်နေဇာလင်းအား အမည်မသိ အမျိုးသားနှစ်ဦးက အနီးကပ်သေနတ်နှင့် ပစ်ခတ်ခဲ့၍ သေဆုံးသွားကြောင်းသိရသည်။

"သင်္ကြန် အကျနေ့ ညနေပိုင်း အပြင် ခဏသွားတဲ့ အချိန် လမ်းမှာ ဆိုင်ကယ်ချင်း ကပ်ပြီး သေနတ်နဲ့ တေ့ပစ်ခံရလို့ သေဆုံးသွာတာ"ဟု ပုလောမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

ပုလောမြို့နယ် ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ ဖြစ်သူ ကိုအောင်နေဇာလင်းသည် ပါတီ၏ အမာခံတစ်ဦး ဖြစ်သည်ဟု ဒေသခံများထံက သိရပြီး မည့်သည့် အဖွဲ့က ပစ်ခတ်ခဲ့သည်ကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

#Mizzima

#ပုလောမြို့နယ်

#ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ

#ပစ်သတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required