ပုသိမ်ကြီးမြို့နယ်တွင် သင်္ကြန်ပွဲသွားရန်ထွက် လာသည့် မန္တလေးကွန်ပျူတာ တက္ကသိုလ်ယာဉ်တန်း ဗုံးပစ်တိုက်ခိုက်ခံရ

ပုသိမ်ကြီးမြို့နယ်တွင် သင်္ကြန်ပွဲသွားရန်ထွက် လာသည့် မန္တလေးကွန်ပျူတာ တက္ကသိုလ်ယာဉ်တန်း ဗုံးပစ်တိုက်ခိုက်ခံရ

ဧပြီလ ၁၄ ရက်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် မန္တလေး-မတ္တရာသွားကားလမ်းအနီးတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏ သင်္ကြန်ပွဲဆင်နွှဲရန် ထွက်လာသည့် မန္တလေးကွန်ပျူတာတက္ကသိုလ်ယာဉ်တန်း ဗုံးပစ်တိုက်ခိုက်ခံရ၍ လူထိခိုက်မှုမရှိဘဲ ယာဉ်တစ်စီးပျက်စီးခဲ့ကြောင်း သိရသည်။

“ယာဉ်တန်းမှာ Express ကားသုံးစီးပါတယ်ဗျာ၊ လူ ၄၀ကျော်ပါလာတယ်၊ အဲဒီကားဗုံးထုခံရတာပဲ၊ ကျောင်းကထွက်လာပြီးသိပ်တောင်မမောင်းရသေးဘူး၊ ကြာနီကန်(ကျေးရွာ)နားမှာအထုခံလိုက်ရတာ” ဟု ပုသိမ်ကြီးမြို့နယ်က သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါတက္ကသိုလ်မှ ပါမောက္ခချုပ်ဦးဆောင်သော ဆရာဆရာမကျောင်းသားကျောင်းသူ ၄၃ဦးလိုက်ပါလာသည့် အဆိုပါယာဉ်တန်း သည် ပုသိမ်ကြီးမြို့နယ် မန္တလေး-မတ္တရာသွားကားလမ်းအနီးတွင် ဗုံးပစ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ယာဉ်တန်းသည် ကျုံးတောင်ဘက်ခြမ်း ၂၆(ဘီ)လမ်းပေါ်ရှိ စစ်ကောင်စီ၏ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန ရေကစားမဏ္ဍပ်သို့ထွက်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဗုံးပစ်တိုက်ခိုက်ခံရမှုကြောင့်၊ ယာဉ်တန်းပါမော်တော်ယာဉ်သုံးစီးထဲက ရှေ့တစ်စီး ဘယ်ဘက်တစ်ခြမ်းလုံးနှင့် ရှေ့လေကာမှန်တို့ပျက်စီးခဲ့ပြီး မည်သည့်အဖွဲ့ကလုပ်ဆောင်ကြောင်းကိုတော့ မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly