အိန္ဒိယ၏ ဂျီဒီပီနှင့် နို်ငငံခြားအရန်ငွေကြေး ပိုင်ဆိုင်မှု မြင့်မားကာ စီးပွားရေး ကောင်းမွန်နေ

အိန္ဒိယ၏ ဂျီဒီပီနှင့် နို်ငငံခြားအရန်ငွေကြေး ပိုင်ဆိုင်မှု မြင့်မားကာ စီးပွားရေး ကောင်းမွန်နေ

အိန္ဒိယ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှု (GDP) နှင့် နို်ငငံခြား အရန်ငွေကြေး ပိုင်ဆိုင်မှု မြင့်မားနေကာ စီးပွားရေး အခြေအနေကောင်းမွန်ကြောင်း အိန္ဒိယအရန်ငွေကြေးဘဏ် (RBI) ဥက္ကဋ္ဌဟောင်း ဘီမယ်ဂျလန်းက ဧပြီ ၇ ရက်တွင် ပြောကြားလိုက်သည်။

ကမ္ဘာ့ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချမှုကို ထိခိုက်စေသည့် ရုရှား-ယူကရိန်း စစ်ပွဲကြောင့် စီးပွားရေးဆိုင်ရာ မသေချာမှုများ ရှိနေသော်လည်း ယင်းပြဿနာသည် အိန္ဒိယ၏ စီးပွားရေး အခြေအနေကို သက်ရောက်ခြင်း မရှိကြောင်းလည်း ဂျလန်းက ပြောကြားသည်။

“အိန္ဒိယရဲ့ လက်ရှိ စီးပွားရေးအဝန်းအဝိုင်းတစ်ခုလုံးက တိုးတက်နေပါတယ်။ နိုင်ငံခြားအရန်ငွေကြေးကလည်း မြင့်မားနေပါတယ်” ဟု ၎င်းက ပြောကြားသည်။

အာရှတွင် တတိယ စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သည့် အိန္ဒိယ၏ စီးပွားရေးသည် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ၈ ဒသမ၉ ရာခိုင်နှုန်း တိုးတက်နိုင်ကြောင်း အစိုးရ၏ ထုတ်ပြန်သော ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းသည် ၇ ဒသမ ၈ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားသည်။

သို့သော် အလုပ်လက်မဲ့ဦးရေ မြင့်မားနေခြင်းသည် စိုးရိမ်စရာကောင်းကြောင်း RBI ဥက္ကဋ္ဌဟောင်းက သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly