ပေါက်မြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးနေသည့် ဂိတ်များတွင် အသင့်စား စားသောက်ကုန်များ သယ်ယူခွင့်ပိတ်

ပေါက်မြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးနေသည့် ဂိတ်များတွင် အသင့်စား စားသောက်ကုန်များ သယ်ယူခွင့်ပိတ်

ဧပြီလ ၁၁ ရက်

မကွေးတိုင်း၊ ပေါက်မြို့နယ် အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ယခုရက်ပိုင်း အသင့်စား ရှူးရှဲလဖက်ထုပ်နှင့် အသင့် စားသောက်နိုင်သည့် စားသောက်ကုန်များကို ယူဆောင်ခွင့် မပြုတော့ကြောင်း ဒေသခံထံမှ သိရသည်။

အစစ်အဆေးတင်းကြပ်သည်ဟု နာမည်ကြီးနေသည့် ပေါက်မြို့နယ်တွင် ဂိတ်သုံးခုရှိပြီး သရက်တောဂိတ်မှာ ပို၍ တင်းကြပ်မှု ပြုလုပ်နေခြင်း ဖြစ်သည်ဟုလည်း သိရသည်။

''သရက်တောဂိတ်မှာအရမ်းဆိုးတယ်။ကားတွေဆိုင်ကယ်တွေစစ်ပြီး လူငယ်တွေဆိုရင် နေပူထဲမှာ တစ်နာရီနီးပါး ရပ်ခိုင်းပြီးစစ်တာ။ တချို့မင်းတပ်ကနေ ဆင်းလာတဲ့ လူငယ်တွေဆိုရင် တစ်ကိုယ်လုံးအဝတ်တွေချွတ်ပြီးတော့တောင်စစ်တယ်။ အဲဒီလောက်ထိ ကြမ်းတာ။နောက်ဆုံးလူသေအလောင်းတွေတောင်အလွတ်မပေးဘူး အနှံ့နှိုက်ပြီးစစ်တာ'' ဟုအစစ်ဆေးခံခဲ့ရသူ တစ်ဦးက ဆိုသည်။

လက်ရှိ ပေါက်မြို့နယ်အတွင်းရှိ စစ်ဆေးရေး ဂိတ်များတွင် သယ်ခွင့်မပြုသည့်ကုန်ပစ္စည်းများမှာ အသင့်စား ငပိ ၊ရှူးရှဲ ၊အသင့်စားမုန့် အမျိုးမျိုး၊ မြေဆီမြေသြဇာအမျိုးမျိုး၊ပိုးသတ်ဆေးများ၊ဘိလပ်မြေ၊သံချောင်းအမျိုးမျိုး၊ဆန်၊လောက်လေး၊ မျှော့သရေကြိုးများ၊ ကော်ပိုက်ချောင်း၊ သံပိုက်ချောင်းများ၊ဘထ္ထရီ၊ မီးကြိုးများ၊ဓာတ်ဆီ၊ ဆိုင်ကယ်ပစ္စည်းများ၊ AB ကော်၊ ယိုးဒယားကော်၊ ပါဝါဓာတ်ခဲအသေး၊အကြီး၊နိုင်လွန်ကြိုးအသေး၊ စက်ဘီးဘောစေ့များနှင့်ဆေးဝါးပစ္စည်းများကို လုံးဝသယ်ဆောင်ခွင့် မပြုတော့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required