ရက္ခိုင့်တပ်တော် တွင် စစ်ပညာသင်ယူခဲ့ပြီး ကျောင်းသားလက်ရုံးတပ်တော်ကို ဖွဲ့စည်း

ရက္ခိုင့်တပ်တော် တွင် စစ်ပညာသင်ယူခဲ့ပြီး ကျောင်းသားလက်ရုံးတပ်တော်ကို ဖွဲ့စည်း

ဧပြီလ ၁၀ ရက်

ကျောင်းသားလက်ရုံးတပ်တော်(SAF)ကို ရက္ခိုင့်တပ်တော်၏အကူအညီဖြင့် စစ်ပညာသင်ယူ တည်ထောင် ခဲ့ခြင်းဖြစ်သည်ဟု  ဧပြီ ၁၀ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော်(AA)၏ (၁၃)နှစ်မြောက် အခမ်း အနားသို့ပေးပို့သော ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၏ သဝဏ်လွှာတွင်ဖော်ပြထား သည်။

ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများသည် ကျောင်းသားလက်ရုံးတပ်တော်ကို ၂၀၂၁ခု နှစ် မတ်လ ၃၁ ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရက္ခိုင့်တပ်တော်၏ ထောက်ပံ့ကူညီမှုဖြင့် တပ်တော်၏ လွတ်မြောက်နယ်မြေတွင် အခြေခံစစ်ပညာများကို သင်ယူခဲ့ခြင်းဖြစ်သည်။ 

“ကျွန်တော်တို့နဲ့ ရက္ခိုင့်တပ်တော်ဆက်ဆံရေးက မဟာမိတ်ဆက်ဆံ‌ရေး အနေအထားတစ်ခုမှာ ရှိပါ တယ်။ ကျွန်တော်တို့ရဲ့ဘုံရည်မှန်းချက်တွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားဖို့ရှိပါတယ်” ဟု ရန်ကုန် အခြေစိုက် ကျောင်းသားသမဂ္ဂများမှ ပြောရေးဆိုခွင့်ရှိသူကိုအောင်ပြည့်ကပြောသည်။

ကျောင်းသားလက်ရုံးတပ်တော်သည် လက်ရှိအချိန်တွင် တိုက်ပွဲအချို့တွင်ဆင်နွှဲခြင်းနှင့် တပ်တော်တည်‌ ဆောက်ရေးလုပ်ငန်းများကိုလုပ်ဆောင်နေကြောင်း ရန်ကုန်အခြေစိုက် ကျောင်းသားသမဂ္ဂများထံမှ သိရသည်။

ရက္ခိုင့်တပ်တော်(AA)သည် ကျောင်းသားလက်ရုံးတပ်တော်(SAF)အပြင်  ကျောင်းသားလက်ရုံးတပ် (PLA-မကွေး)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)၊ လူထုတော်လှန်ရေးမဟာမိတ်(PRA-Magway)၊ အာဏာရှင် တော်လှန်ရေးပြည်သူ့တပ်မတော် (DRPA) စသည့် အဖွဲ့အစည်းများကိုလည်း အခြေခံစစ်ပညာများ သင်ကြားပေးခြင်း၊ စစ်ရေးဆိုင်ရာနည်းဗျူဟာများနှင့် အခြားလိုအပ်သည့် အကူအညီများကိုလည်း ပေးအပ်ခဲ့သည်ဟု အဆိုပါအဖွဲ့အစည်းများက ထုတ်ပြန်ကြေညာထားသည်။

စစ်ကောင်စီမှအာဏာသိမ်းပြီးနောက် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကို ခုခံတော်လှန်ရန်အတွက် ပြည်မမှလူငယ်များသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ(EAO)၏ လွတ် မြောက်နယ်မြေများတွင် စစ်ပညာသင်ယူလျက်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required