ရှင်ကျန်းရဲတပ်ဖွဲ့ အမှုအများအပြား ကိုင်တွယ်ဖြေရှင်းရခြင်းအပေါ် တရုတ်ရေးရာ ကျွမ်းကျင်ပညာရှင်များ မေးခွန်းထုတ်

ရှင်ကျန်းရဲတပ်ဖွဲ့ အမှုအများအပြား ကိုင်တွယ်ဖြေရှင်းရခြင်းအပေါ် တရုတ်ရေးရာ ကျွမ်းကျင်ပညာရှင်များ မေးခွန်းထုတ်

တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ်ရှိ ရဲများသည် ကိုယ်ကိုယ့်ကိုယ်သတ်သေသည့်အမှုများကို ဖြေရှင်းရာတွင် အများဆုံးဖြစ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြချက်နှင့် ပတ်သက်ပြီး ပညာရှင်များက မေးခွန်းထုတ်ခဲ့ကြသည်။

ဒေသဆိုင်ရာ ပြည်သူ့တရားရုံးသည် ၂၀၂၁ခုနှစ်တွင် အမှုအခင်းများ အများဆုံး စီရင်ချက်ချနိုင် ခဲ့သောကြောင့် စံပြအဖြစ် ချီးကျူးခံရကြောင်းလည်း လွတ်လပ်သော အာရှအသံ (RFA) က ဖော်ပြသည်။

ရှင်ကျန်းပြည်သူ့လုံခြုံရေးဗျူရို(PSB) က ၆ နှစ်ဆက်တိုက် လက်ရှိလူသတ်မှုဖြစ်ပွားမှုများအတွက် ၁၀ဝ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ဆိုသည်။

ဒေသဆိုင်ရာ ပြည်သူ့တရားရုံးသည် ၂၀၂၁ခုနှစ်တွင် လူများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် ပတ်သက်သည့် အမှုပေါင်း ၁၇,၆၀ဝ ကို ကိုင်တွယ်ခဲ့သည်ဟု တရုတ်သတင်းဝန်ဆောင်မှုက ဆိုသည်။

" ရှင်ကျန်းပြည်နယ်တွင် ၆ နှစ်ဆက်တိုက် လက်ရှိလူသတ်မှုဖြစ်ပွားမှုများဖြေရှင်းရာတွင် ၁၀ဝ ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး ရှင်ကျန်းတွင် လူသတ်မှု အရေအတွက်က သမိုင်းမှာ အနိမ့်ဆုံးအဆင့်ထိ ကျဆင်းသွားကာ ကိုယ်ကိုယ့်ကိုယ်သတ်သေရန် ကြိုးပမ်းမှုများကို အများဆုံးဖော်ထုတ်နိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်ရဲများ၏ အမှုအခင်းများကို ကိုင်တွယ်ဖြေရှင်းမှုသည် လုံးဝ ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ယခုကဲ့သို့သော တရုတ်အစီရင်ခံစာများသည် ယုံကြည်စိတ်ချရခြင်းမရှိကြောင်း အမေရိကန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဟက်ဆန်ကော့ဘိုးက ပြောကြားခဲ့သည်။

“တရုတ်အစိုးရရဲ့ အစီရင်းခံစာတွေမှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေကို ယုံလို့မရပါဘူး” ဟု ၎င်းက RFA သို့ ပြောကြားသည်။

ရှင်ကျန်း ပြည်သူ့လုံခြုံရေးဗျူရို(PSB) တွင် အဓိကကိစ္စရပ်များကို စုံစမ်းစစ်ဆေးရာတွင် "ရှင်ကျန်းဝီဂါ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ [XUAR]" ပြည်သူ့လုံခြုံရေးဗျူရို၏ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စုပေါင်းကူညီနေသည့် သာမန်လူများ၏ ယန္တရားတစ်ခု ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစီရင်ခံစာအရ PSB သည် “အမှုတစ်ခုလျှင် တစ်ဖိုင်” စံနှုန်းကို အကောင်အထည်ဖော်ခဲ့ပြီး ယခင်က ရာဇဝတ်မှုမှတ်တမ်းများကို စုဆောင်းခြင်းဖြင့် လွန်ခဲ့သော အနှစ် ၂၀ ကာလမှ လူသတ်သမားများကို ရှာဖွေနိုင်ခဲ့ကြောင်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly