PROJECT DRAGONFLY ကျပ်သိန်းတစ်သောင်းသုံးထောင်အား သုံးရက်အတွင်းပြည့်မီခဲ့ပြီး ဒေါ်လာ ၁ သန်း ရရှိထား

PROJECT DRAGONFLY ကျပ်သိန်းတစ်သောင်းသုံးထောင်အား သုံးရက်အတွင်းပြည့်မီခဲ့ပြီး ဒေါ်လာ ၁ သန်း ရရှိထား

ဧပြီလ ၆ ရက်

PROJECT DRAGONFLY ကျပ်သိန်းတစ်သောင်းသုံးထောင်အား သုံးရက်အတွင်းပြည့်မီခဲ့ပြီး ဒေါ်လာ ၁ သန်း ရရှိထားကြောင်း Click2donate ကကြေညာသည်။

စစ်ကောင်စီ၏လေယာဥ်များကို ပစ်ချနိုင်ရန်အတွက် လေယာဥ်ပစ်လက်နက်ဝယ်ယူရန် နိုင်ငံပေါင်းစုံမှ အလှူငွေလက်ခံနေခြင်းဖြစ်သည်။

"ဒီလောက်လွယ်ကူစွာနဲ့ နိုင်ငံစုံက လှူခွင့်ရတုန်းလေး ဆက်စုကြမယ်ဆိုပြီး စုလိုက်ကြတာ အခုဆိုရင်  ဒေါ်လာ 1 Million ကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ နှစ်ဆရဖို့ နည်းနည်းပဲလိုတော့တာကြောင့် ကျွန်တော်တို့ အရင် ရမယ့်ပစ္စည်းတွေထက်  နှစ်ဆအထိ ရရှိဖို့အရမ်းနီးစပ်သွားခဲ့ပါပြီ" ဟု Click2donate ကဆိုသည်။

ယင်းကြောင့် လိုအပ်သည့်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ဒေါ်လာ ၁ ဒသမ ၅ သန်းဖိုး မှာယူထားပြီး အလှူငွေများလှူဒါန်းကြရန် Click2donate ကတိုက်တွန်းသည်။

" တခါထဲ   ရေမီးစုံ Complete Package ရဖို့  ကျွန်တော်တို့  ပြည်သူ့အားကို ယုံကြည်ချက်နဲ့   1.5 Million ဖိုး  မှာလိုက်ပါပြီ။  1.5 Million ပြည့်တဲ့အထိဆက်ပြီး ပြည်သူ့အားကို အားကိုးပါရစေခင်ဗျာ" ဟု Click2donate က ကြေညာထားသည်။

အဆိုပါ ပရောဂျက်အား Click2donate နှင့် ပန်ဆယ်လိုက ဦးဆောင်ကာ အလှူငွေကောက်ခံခဲ့ပြီး အမေရိကန်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါနှင့် ဥရောပ နိုင်ငံများရှိ မြန်မာများထံမှ အလှူခံခြင်းဖြစ်သည်။

"အရှိန်လေးကိုဆက်ထိမ်းထားပြီး ကိုယ့်လက်နဲ့ ဒီအကြမ်းဖက်တွေကိုဆုံးမလိုက်ရတယ်ဆိုတဲ့ သမိုင်း လေးပါဝင်သွားအောင်  ဆက်လက်ပါဝင်ပေးကြပါဦးခင်ဗျာ။ လစာထုတ်ရက်နောက်ကျမှာမို့၊ စုနေကြ တုန်းမို့  အစရှိသည်ဖြင့် စောင့်ပါဦးပြောထားကြတဲ့ တစ်ယောက်စီတိုင်းကို စောင့်ပေးချင်သေးတာမို့   ကျွန်တော်တို့ Target Date ကို  ၁၀ ရက်နေ့အထိ ထားထားတာဖြစ်ပါတယ်ခင်ဗျာ" ဟု Click2donate ကဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly