ရုရှားနိုင်ငံ ဒဏ်ခတ်ပိတ်ဆို့မှုကြုံနေရပြီး တရုတ်က စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေးအတွက် ကြိုးပမ်းနေရ

ရုရှားနိုင်ငံ ဒဏ်ခတ်ပိတ်ဆို့မှုကြုံနေရပြီး တရုတ်က စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေးအတွက် ကြိုးပမ်းနေရ

ရုရှားနိုင်ငံသည် ယူကရိန်းစစ်ပွဲအတွက် အနောက်နိုင်ငံများ၏ ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများကို ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံသည် ရုရှားနှင့် အဆင်ပြေသော သဘောတူညီချက်များ ရယူခြင်းဖြင့် ၎င်း၏ အစားအစာနှင့် စွမ်းအင်ဖူလုံရေးရည်မှန်းချက်များ အောင်မြင်ရန် ကြိုးပမ်းလျက်ရှိသည်။

တရုတ်သည် စွမ်းအင်စျေးနှုန်းမြင့်မားမှုနှင့်၎င်း၏ လမ်းကြောင်းနှစ်သွယ်မဟာဗျူဟာကို ကျင့်သုံးနေခြင်း ကြောင့် ရုရှားနိုင်ငံ စွမ်းအင်နှင့်ကုန်ပစ္စည်းကုမ္ပဏီများတွင် ရင်းနှီးမြုပ်နှံရေးကို အချိန်ယူစဉ်းစားနေသည်။

ယူကရိန်းသို့ ကျူးကျော်ဝင်ရောက်ပြီးနောက် အမေရိကန်နှင့် ဥရောပနိုင်ငံများက ပြင်းထန်သော စီးပွားရေး ပိတ်ဆို့အရေးယူမှုများခံရမှုကြောင့် ရုရှားသည် စျေးသက်သာသော ရွေးချယ်မှုတစ်ခု ဖြစ်လာသည်ဟု နိုင်ငံတကာအခွင့်အရေးနှင့် လုံခြုံရေးဖိုရမ် (IFFRAS) အစီရင်ခံစာက ဆိုသည်။

လမ်းကြောင်းနှစ်သွယ်မဟာဗျူဟာတွင် ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ခြင်းဖြင့် "ပြည်တွင်းလည်ပတ်မှုကို မြှင့်တင်ခြင်း" နှင့် ခါးပတ်လမ်းရပ်ဝန်း (BRI) ကဲ့သို့ ရင်းနှီးမြုပ်နှံမှုကြီးများမှတစ်ဆင့် ပြင်ပဝယ်လိုအားကို မြှင့်တင်ခြင်းဖြင့် “ပြည်ပလည်ပတ်မှုကို မြှင့်တင်ခြင်း” စသည့် ဖြစ်စဉ် ၂ ဆင့် ပါဝင်သည်။

အမေရိကန်နှင့် အကွဲအပြဲကြောင့် တရုတ်၏ စားသောက်ကုန်နှင့် အခြားထုတ်ကုန်များ ရောင်းချတင်ပို့ရေး လုပ်ငန်းစဉ်များ သည် သက်ရောက်မှုဆိုးရွားစွာ ကြုံတွေ့နေရသည်။ အနောက်ကမ္ဘာနှင့် ကင်းကွာနေခြင်း ကြောင့် တရုတ်နိုင်ငံသည် စိုက်ပျိုးရေးအတွက် ကိုယ်ပိုင်နည်းပညာများ တီထွင်ဖော်ထုတ်ရန် အာရုံစိုက် လျက်ရှိသည်။တရုတ်နိုင်ငံ၏ စွမ်းအင်ထုတ်လုပ်မှုသည် ကျောက်မီးသွေးအပေါ် အဓိကမှီခိုပြီး ရုရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တင်သွင်းသည်။

တစ်ချိန်တည်းမှာပင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စွမ်းအင်စျေးနှုန်းများ မြင့်တက်လာကာ တစ်ဖန် ဓာတ်မြေဩဇာများ ထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိလာကာ စားနပ်ရိက္ခာဖူလုံရေးအတွက် စိုးရိမ်လာရသည်။ တရုတ်နိုင်ငံတစ်ဝှမ်းတွင် ဓာတ်မြေဩဇာ စက်ရုံအများအပြား ပိတ်ပစ်ခဲ့သည်။

ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အမေရိကန်ပြီးလျှင် ကျောက်မီးသွေး ဒုတိယအများဆုံး သိုလှောင်ထား သည့်နိုင်ငံဖြစ်သည်။ China Petrochemical၊ Aluminium Corporation of China၊ China Minmetals Corporation နှင့် China National Petroleumကဲ့သို့သော နိုင်ငံပိုင် တရုတ်စွမ်းအင်ကုမ္ပဏီများအကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ တရုတ်နှင့် ရုရှားအကြား သဘောတူညီချက်များသည် စားနပ်ရိက္ခာ ဖူလုံမှုရှိစေရန် ရည်ရွယ်သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။

ရုရှားသည် တရုတ်ထံမှ စစ်လက်နက်ပစ္စည်းများ ရယူနေသည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင်အမေရိကန်အစိုးရက တရုတ်အနေဖြင့် ရုရှားအား စစ်ရေးအရ သို့မဟုတ် အခြားနည်းဖြင့် ထောင်ပံ့ခြင်းနှင့် ဆုံးရှုံးမှုများမှရုရှားကိုနာလန်ထူရန် ကူညီခြင်းတို့ မပြုလုပ်ရန် သတိပေးထားပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly