Project Dragonfly ၂ ရက်အတွင်း ကျပ်သိန်း၉,၀၀၀ နီးပါးရရှိ

Project Dragonfly ၂ ရက်အတွင်း ကျပ်သိန်း၉,၀၀၀ နီးပါးရရှိ

ဧပြီ ၁

စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဘက်လေယာဉ်များပစ်ချနိုင်ရေး Project Dragonfly ဖြင့် အလှူငွေကောက်ခံမှုလုပ်နေရာ နှစ်ရက်အတွင်းမှာပင် ကျပ်သိန်း ၉,၀၀၀ နီးပါးရရှိကြောင်း Click2donate က ကြေညာသည်။

အဆိုပါ ပရောဂျက်စတင်သည့်နေ့တွင် ကျပ်သိန်း ၂၀၀၀ ကျော်ရရှိခဲ့ပြီးနောက် အလှူငွေများ ရုတ်ခြည်းမြင့်တက်ကာ ရရှိလာခြင်းဖြစ်သည်။

လေကြောင်းမှတိုက်ခိုက်ခြင်းများလုပ်ကာ အရပ်သားများပါသေဆုံးဒဏ်ရာရစေခြင်းများပြုလုပ်နေသည့် စစ်ကောင်စီ၏ တိုက်လေယာဥ်၊ ရဟတ်ယာဉ်များကို ပစ်ချနိုင်ရန် ဆယ်ရက်အတွင်း ကျပ်သိန်းပေါင်း ၁၃၀၀၀၀ စုရမည့် ယင်းပရောဂျက်ကို နိုင်ငံအသီးသီးတွင် နေထိုင်သူများထံ အလှူခံနေခြင်းဖြစ်သည်။

" Dragonfly ကတော့ ၄၈ နာရီအတွင်း သိန်းကိုးထောင်နီးပါးအထိ ရရှိနေပါပြီ။ ပြည်သူ့အင်အား အားလုံးရဲ့အင်အားတွေနဲ့ အမြန်ဆုံးပြည့်သွားအောင် တွန်းလိုက်ကြရအောင်ပါခင်ဗျာ" ဟု Click2donate ကရေးသားထားသည်။

Project Dragonfly ပရောဂျက်အတွက် Click2donate နှင့် အမေရိကန်ပြည်ထောင်စုနေ ပန်ဆယ်လိုတို့က ဦးဆောင်ကာ အလှူငွေကောက်ခံနေခြင်း ဖြစ်သည်။

လေယာဥ်ပစ် လက်နက်ဝယ်ယူရန်မျှော်မှန်းထားသောအစီအစဉ်တွင် အမေရိကန်၊ စင်ကာပူ၊ မလေးရှား၊ ယူအေအီး၊ ဂျပန်၊ ကိုရီးယား၊ ကနေဒါ နှင့် သြစတြေးလျ၊ ထိုင်းအစရှိသည့်နိုင်ငံများတွင် နေထိုင်လုပ်ကိုင်သူများထံ အလှူခံနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly