တင်းကျပ်သော အသွားအလာပိတ်ဆို့မှုမူဝါဒကြောင့် တရုတ်နိုင်ငံ၏ ဂျီဒီပီ ထက်ဝက်ကျဆင်း

တင်းကျပ်သော အသွားအလာပိတ်ဆို့မှုမူဝါဒကြောင့် တရုတ်နိုင်ငံ၏ ဂျီဒီပီ ထက်ဝက်ကျဆင်း

တရုတ်နိုင်ငံသည် စီးပွားရေးကျဆင်းချိန် ၂၀၂၀ ခုနှစ်အစောပိုင်းကပ်ရောဂါဖြစ်ပွားမှု ကနဦး အရှိန်မြင့်ခဲ့ပြီးသည့်နောက် ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် အဆိုးရွားဆုံး ကိုဗစ်ရောဂါဖြစ်ပွားမှုကို ကြုံတွေ့လာရသည်။ နောက်ဆုံးဖြစ်ပွားသည့် ကိုဗစ်ကူးစက်မှုက ပထမသုံးလပတ် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ကိုရာခိုင်နှုန်းအမှတ်တစ်ခု၏ အနည်းဆုံး ထက်ဝက်အထိ သက်ရောက်နိုင်သည်။

တင်းကျပ်သော အသွားအလာပိတ်ဆို့မှုများက တစ်လလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံ သို့မဟုတ် ဂျီဒီပီ၏ ၃ ဒသမ ၁ ရာခိုင်နှုန်း ဆုံးရှုံးနိုင်ဖွယ်ရှိပြီး မြို့ကြီးများတွင် ကန့်သတ်ချက်များ ပိုမိုတင်းကျပ်လာပါက အကျိုးသက်ရောက်မှု နှစ်ဆရှိလာနိုင်ကြောင်း ဟောင်ကောင်တက္ကသိုလ်မှ စီးပွားရေးပညာရှင်တစ်ဦးက သတိပေးထားသည်။

ရှန်ဟိုင်း၏လူပေါင်း ၂၆ သန်းကို အသွားအလာပိတ်ဆို့ခြင်းသည် နိုင်ငံနယ်နိမိတ်အလွန်မှ စျေးကွက်များကို လှုပ်ခတ်စေသည့် တရုတ်နိုင်ငံ၏ တင်းကျပ်လှသော ကိုဗစ်လုံးဝကင်းစင်ရေး မဟာဗျူဟာ၏ အကန့်အသတ် များကို စမ်းသပ်နေခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့တစ်မြို့တည်းမှာပင် နိုင်ငံ၏ ဂျီဒီပီကို ၄ ရာခိုင်နှုန်း လျော့ကျစေခဲ့သည်။ ဘဏ္ဍာရေးဗဟိုချက်မြို့တော်ရှန်ဟိုင်းသည် ဆိုးရွားလာသော အိုမီခရွန်ဗိုင်းရပ်စ်ကူးစက်မှုကို တားဆီးရန် ရုန်းကန်နေရသဖြင့် ဒေသခံပြည်သူသန်းပေါင်းများစွာသည် အိမ်၌သာနေကာ ဗိုင်းရပ်စ် စစ်ဆေးမှု ခံယူရမည်ဖြစ်သည်။

မတ်လ ၁၁ ရက်နေ့တွင် အသွားအလာကန့်သတ်ခဲ့သော ကျီလင်းပြည်နယ်မြို့တော် ချန်းချွန်းတွင် စီးပွားရေးလှုပ်ရှားမှုသည် ပုံမှန်အဆင့်မှ ၆၆ ရာခိုင်နှုန်းကျော်ကျဆင်းသွားသည်။

ရှန်ကျန်းတွင် တစ်ပတ်ကြာ ပိတ်ဆို့မှု ပြုလုပ်ခဲ့ကာဒေသခံများအား သုံးကြိမ်တိုင်တိုင် ရောဂါစစ်ဆေးခဲ့မှုကြောင့် စီးပွားရေး လှုပ်ရှားမှု ၃၄ ရာခိုင်နှုန်း လျော့ကျခဲ့သည်။အဆိုးဆုံးအခြေအနေတွင် မြို့ကြီးအားလုံးကို တစ်လကြာ ပိတ်ဆို့ပါက တရုတ်နိုင်ငံ၏ ဂျီဒီပီကို ၅၃ ရာခိုင်နှုန်းအထိ လျော့ကျစေလိမ့်မည်ဟုစီးပွားရေးပညာရှင်များက ခန့်မှန်းထားသည်။

တရုတ်နိုင်ငံ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအတွက် စီးပွားရေးကုန်ကျစရိတ်မှာ မြင့်မားလှသည်။ မြို့တော်ကြီးများကိုပိတ်ဆို့မှုကြောင့်ဖြစ်လာသော ရင်းနှီးမြှုပ်နှံသူများ၏ သံသယများက တရုတ်နိုင်ငံ၏ စတော့ဈေးကွက်ကို သိသိသာသာ ထိုးဆင်းသွားစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly