အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး ရွှေ့ဆိုင်းလိုက်ပြီး အာဆီယံထိပ်တန်း သံတမန် ၄ ဦး တရုတ်နိုင်ငံသို့ သွားရောက်

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး ရွှေ့ဆိုင်းလိုက်ပြီး အာဆီယံထိပ်တန်း သံတမန် ၄ ဦး တရုတ်နိုင်ငံသို့ သွားရောက်

ဝါရှင်တန်၌ ကျင်းပမည့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားခြင်းကြောင့် အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီး ၄ ဦးသည် တရုတ်နိုင်ငံသို့ ယခုသီတင်းပတ်အတွင်း သွားရောက်ကြမည်ဖြစ်သဖြင့် ဒေသတွင်းနိုင်ငံများသည် အမေရိကန်အစား တရုတ်နှင့် တွေ့ဆုံပြောဆိုရန် ပိုမိုနှစ်သက်ကြောင်း တရုတ်အစိုးရမီဒီယာက ပြောဆိုလာသည်။

အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် မြန်မာနိုင်ငံတို့မှ ထိပ်တန်းသံတမန်များသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ မတ်လ ၃၁ ရက်မှ ဧပြီလ ၃ ရက်နေ့အထိ တရုတ်နိုင်ငံသို့ အသီးသီး သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မတ်လ ၂၈ ရက်မှ ၂၉ ရက်အထိ ကျင်းပရန် စီစဉ်ထားခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်များနှင့် သမ္မတ ဂျိုးဘိုင်ဒင်တို့၏ထိပ်သီးဆွေးနွေးပွဲ အတွက် ဝန်ကြီးအချို့သည် ၎င်းတို့နိုင်ငံအကြီးအကဲနှင့်အတူ သွားရောက်ရန် အစီအစဉ်ရှိခဲ့သော်လည်း အစည်းအဝေးအစီအစဉ် ကမောက်ကမဖြစ်ခဲ့သည်။

“အချိန်မရှိတော့ဘူးဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါကို ပြီးမြောက်သွားအောင် လုပ်ချင်တယ်။ အစည်းအဝေးလုပ်ဖို့ သင့်တော်တဲ့အချိန်ရွေးဖို့ အာဆီယံနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ဘိုင်ဒင်အစိုးရ၏ အရာရှိတစ်ဦးက ပြောသည်။

ယူကရိန်းအကျပ်အတည်းသည် အင်ဒို-ပစိဖိတ်မဟာဗျူဟာကို အကောင်အထည်ဖော်ခြင်းမှ အမေရိကန်ကို အာရုံလွှဲ၍ ရလိမ့်မည်ဟုတ်ကြောင်းနှင့် အင်ဒို-ပစိဖိတ်ဒေသသည် လွတ်လပ်ပြီးပွင့်လင်းမှု ရှိစေရမည်ဟု ဘိုင်ဒင်က ကတိပြုထားသည်။

တရုတ်သည် အရှေ့တောင်အာရှနှင့် ၎င်း၏ ထိတွေ့ဆက်ဆံမှုကို သရုပ်ပြရန် ၎င်းကိုယ်တိုင် ဇာတ်လမ်းထွင်နေခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းကလာရောက်မည့်ဝန်ကြီးများ၏၄ နိုင်ငံသည် "အရေးပါသော အာဆီယံအဖွဲ့ဝင်များဖြစ်သလို တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြောင်းနှင့် အရည်အသွေးမြင့်မားသော ခါးပတ်လမ်းရပ်ဝန်း ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးသော မိတ်ဖက်များလည်း ဖြစ်ကြောင်း မတ်လ ၂၈ ရက်က ပြောသည်။

နိုင်ငံပိုင်သတင်းစာ Global Times က “အမေရိကန်နှင့်တွေ့ဆုံရန် အချိန်ဆွဲထားပြီးတရုတ်နိုင်ငံသို့ သွားရောက်ခြင်းသည် အမေရိကန်ထက် တရုတ်နှင့်ဆွေးနွေးလိုသော အာဆီယံ၏ဆန္ဒကို ထုတ်ဖော်ပြသနေသည်ဟု ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly