တရုတ်၏ ခါးပတ်လမ်းစီမံကိန်းသစ် ကြွေးမြီထောင်ချောက်အတွင်း ပါကစ္စတန် ပိတ်မိနေ

တရုတ်၏ ခါးပတ်လမ်းစီမံကိန်းသစ် ကြွေးမြီထောင်ချောက်အတွင်း ပါကစ္စတန် ပိတ်မိနေ

ပါကစ္စတန်သည် အတိုးနှုန်းမြင့်မားမှု၊ အကြွေးပြန်ဆပ်ရခက်သည့် စည်းမျဉ်းများနှင့် ပွင့်လင်းမြင်သာမှုကင်းမဲ့မှုတို့ကြောင့် တရုတ်၏ ခါးပတ်လမ်းစီမံကိန်းသစ်(BRI)ကြွေးမြီထောင်ချောက်အတွင်း ပိတ်မိလျက်ရှိသည်။

ပါကစ္စတန်ရှိ ကာရော့ရေအားလျှပ်စစ်စီမံကိန်းအတွက် တရုတ်က အတိုးနှုန်းမြင့်မားစွာ ကောက်ခံနေပြီး အတိုး နှုန်းသည် ၅ ဒသမ ၁၁ ရာခိုင်နှုန်းအထိ မြင့်မားနေသည်ဟု The Times of Israel ဘလော့ဂ်တွင် ဖာဘီယန် ဘူဆာ့က ရေးသားထားသည်။

တရုတ် လျှိုမြှောင်သုံးသွယ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီသည် ကာရော့ရေအားလျှပ်စစ်တွင် ရှယ်ယာ ၉၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

BRI လက်အောက်ရှိ တရုတ်အဖွဲ့အစည်းများမှ ပုံမှန်ချေးငွေသည် အတိုးနှုန်း ၄ ဒသမ ၂ ရာခိုင်နှုန်းနှင့် ပြန်ဆပ်ကာလ ၁၀နှစ်ထက် နည်းသည်။

ဆန့်ကျင်ဘက်အနေဖြင့် ဂျာမနီ၊ ပြင်သစ် သို့မဟုတ် ဂျပန်ကဲ့သို့သော နိုင်ငံများမှ ချေးယူသည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဖွံ့ဖြိုးရေးကူညီမှုကော်မတီကဲ့သို့သော နိုင်ငံတကာ အလှူရှင် အဖွဲ့အစည်းမှ ချေးငွေသည် အတိုးနှုန်း ၁ ဒသမ ၁ ရာခိုင်နှုန်းနှင့် ပြန်ဆပ်ကာလ ၂၈နှစ် ဖြစ်သည်။

ပါကစ္စတန်၏ အနေအထားသည် အဆိုးရွားဆုံးဖြစ်သည်။ BRI အကူအညီလက်ခံသည့်နိုင်ငံစာရင်းတွင် ပါကစ္စတန်သည် အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ စီမံကိန်းများနှင့်အတူ ထိပ်ဆုံးတွင် ရပ်တည်နေကြောင်း ဖာဘီယန် ဘူဆာ့က ပြောကြားခဲ့သည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ လေ့လာမှုတစ်ခုအရ ပါကစ္စတန်၏ ပြင်ပကြွေးမြီမှာ ၂၀၂၁ ခုနှစ် ဧပြီလ တွင် အမေရိကန်ဒေါ်လာ ၉၀ ဒသမ ၁၂ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး တရုတ်မှ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၇ ဘီလီယံ သို့မဟုတ် ပါကစ္စတန်၏ ကြွေးမြီဝန်ထုပ်ဝန်ပိုး၏ ၂၇ ရာခိုင်နှုန်းကျော်ရှိသည်။

ဖုံးကွယ်ထားသော အချုပ်အခြာအာဏာပိုင် ကြွေးမြီများ၏ ဝန်ထုပ်ဝန်ပိုးသည် လာမည့် ရက်များအတွင်း ပါကစ္စတန်အတွက် စိုးရိမ်စရာ အဓိကအကြောင်းရင်း ဖြစ်လာမည်ဟု IMF က ဆိုသည်။ ပါကစ္စတန်၏ ပိုင်ဆိုင်မှုများသည် တရုတ်စီးပွားရေးနှင့် ဆက်စပ်နေသည်။

ပါကစ္စတန်တွင် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ နှင့်ပတ်သက်သည့် စီမံကိန်း၂၆ ခုရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required