၁၀ ရက်အတွင်း သိန်းပေါင်း ၁၃,၀၀၀ စုရမည့် Project Dragonfly ပထမရက်မှာပင် ကျပ်သိန်း၂,၀၀၀ကျော်ရရှိ

၁၀ ရက်အတွင်း သိန်းပေါင်း ၁၃,၀၀၀ စုရမည့် Project Dragonfly ပထမရက်မှာပင် ကျပ်သိန်း၂,၀၀၀ကျော်ရရှိ

မတ် ၃၁

စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းပစ်ခတ်မှုကို တုံ့ပြန်ရန် ၁၀ ရက်အတွင်း ကျပ်သိန်းပေါင်း ၁၃,၀၀၀ စုရမည့် Project Dragonfly ပထမရက်မှာပင် ကျပ်သိန်း ၂,၀၀၀ ကျော်ရရှိကြောင်း Click2donate က ကြေညာသည်။

လေယာဥ်ပစ် လက်နက်ဝယ်ယူနိုင်ရန် နိုင်ငံအသီးသီးတွင် နေထိုင်သူများထံ အလှူခံနေခြင်းဖြစ်သည်။

"ပြည်သူတွေဟာ ဘယ်လောက်တောင် ငှက်ကင်ချင်နေလဲဆိုရင် ပထမတစ်ရက်မှာတင် ၂၀ရာခိုင်နှုန်း သိန်း ၂,၀၀၀ ကျော် ရရှိထားပါတယ်ခင်ဗျာ။ စင်ကာပူကလည်း ကြမ်းနေဆဲ ကြမ်းနေမြဲပါခင်ဗျာ။ US ကလည်း အိပ်ယာနိုးကတည်း​က ရှယ်ကြမ်းကြတာ သိန်း ၁,၀၀၀ နားကပ်နေပါပြီခင်ဗျာ" ဟု Click2donate က ရေးသားထားသည်။

Project Dragonfly ပရောဂျက်အတွက် Click2donate နှင့် ပန်ဆယ်လိုတို့က ဦးဆောင်ကာ အလှူငွေကောက်ခံနေခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် လေယာဥ်ပစ် လက်နက်ဝယ်ယူရန် စီစဥ်နေခြင်းဖြစ်ရာ အမေရိကန်၊ စင်ကာပူ၊ မလေးရှား၊ ယူအေအီး၊ ဂျပန်၊ ကိုရီးယား၊ ကနေဒါ နှင့် သြစတြေးလျ အစရှိသည့်နိုင်ငံများတွင် နေထိုင်လုပ်ကိုင်သူများထံ အလှူခံနေခြင်းဖြစ်သည်။

#Mizzima

#ProjectDragonfly

#လေကြောင်းပစ်ခတ်မှု

#Click2donate

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly