ချမ်းအေးသာစံမြို့နယ်က ဇွဲထက်ရွှေဆိုင် ဗုံးပေါက်ကွဲမှုဖြစ်ပွါး

ချမ်းအေးသာစံမြို့နယ်က ဇွဲထက်ရွှေဆိုင် ဗုံးပေါက်ကွဲမှုဖြစ်ပွါး

မတ် ၃၀

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးစျေးချိုအနီး ၈၄ လမ်းပေါ်က ဇွဲထက်ရွှေဆိုင်အတွင်း ယနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွါးရာ ထိခိုက်ဒဏ်ရာရမှုအများအပြား ရှိနိုင်ကြောင်း ကနဦးသတင်းအရ သိရသည်။

“လူနာတင်ကားနဲ့ သယ်သွားတာကို လေးငါးဆယ်ယောက်လောက်ရှိမယ် ခန့်မှန်းတယ်၊ ဗုံးပေါက်တာက ဆိုင်အတွင်းထဲမှာပါ၊ ဆိုင်ထဲမို့လို့တော်သေးတာ၊ ဆိုင်အပြင်ဆိုရင် မလွယ်ဘူး၊ အဲဒီနားကလူအသွားအလာတအားများတဲ့နေရာ” ဟု ဆိုင်နှင့်မလှမ်းမကမ်းက မျက်မြင်တစ်ဦးကပြောသည်။

ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ နှင့် ၈၄ လမ်းထောင့်က ဇွဲထက်ရွှေဆိုင် ဆိုင်ခွဲ(၁၁)၏ ဆိုင်ခန်းအတွင်း ယနေ့ နေ့လယ် ၁၂ ခွဲခန့်ကပေါက်ကွဲမှုဖြစ်ပွါးခဲ့သည်။ ပေါက်ကွဲမှုကြောင့် ဆိုင်၀န်ထမ်းအမျိုးသမီးများဒဏ်ရာရခဲ့ကြောင်း သိရသည်။

“ခုနှစ်ယောက်ဒဏ်ရာရတယ်၊ အခု OPT ဆေးရုံကြီးအရေးပေါ်ဌာန ပို့ထားလိုက်ပါပြီ၊ လတ်တလောဒါလောက်ပဲပြောနိုင်ပါဦးမယ်” ဟု လူမှုကူညီရေးအသင်းတစ်ခုမှ တာ၀န်ရှိသူက မစ္ဇျိမသို့ပြောသည်။

အလားတူ ချမ်းမြသာစည်မြို့နယ်က ဇွဲထက်ရွှေဆိုင်၏ မြို့သစ်ဆိုင်ခွဲ အနီးတွင်လည်း နေ့လယ် ၁၂ နာရီကျော်ခန့်က ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်

ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ လတ်တလောစုံစမ်းနေတုန်းအခြေအနေဖြစ်ပြီး၊ လက်ရှိတွင် အခင်းဖြစ်နေရာ၀န်းကျင်အား စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းပြီး ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်နေသည်ကိုတွေ့ရသည်။

#Mizzima

#မန္တလေးမြို့

#ချမ်းအေးသာစံမြို့နယ်

#ဇွဲထက်ရွှေဆိုင်

#ဗုံးပေါက်ကွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly