ဒီမိုကရေစီဝါဒ အခြေခံသော ပါကစ္စတန်က မိမိတို့နိုင်ငံ၏ အကျိုးအတွက် အရေးပါဟု အမေရိကန် ပြော

ဒီမိုကရေစီဝါဒ အခြေခံသော ပါကစ္စတန်က မိမိတို့နိုင်ငံ၏ အကျိုးအတွက် အရေးပါဟု အမေရိကန် ပြော

ဒီမိုကရေစီဝါဒ အခြေခံပြီး သာယာဝပြောသော ပါကစ္စတန်နိုင်ငံ ဖြစ်ရေးသည် အမေရိကန်၏ အကျိုးအတွက် အလွန်အရေးပါသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၁ ရက်တွင် ပြောကြားသည်။

ပါကစ္စတန်နိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့် ပတ်သက်ပြီး သတင်းထောက်များ မေးမြန်းသည့် မေးခွန်းများကို ဖြေကြားစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပါကစ္စတန်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီသော လုပ်ငန်းစဉ်ကို အမေရိကန်ဘက်က ထောက်ခံကြောင်း အလေးပေး ပြောခဲ့သည်။

“မိမိတို့ဟာ ပါကစ္စတန်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ပါကစ္စတန်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လုပ်ငန်းစဉ်နဲ့ တရားဥပဒေစိုးမိုးရေးကို မိမိတို့ အလေးထားသလို အားပေးထောက်ခံပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက Dawn သတင်းဌာနကို ပြောသည်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ ပါကစ္စတန်နဲ့ မိမိတို့အကြား ကာလကြာ ပူးပေါင်းဆောင်ရွက်မှုတွေကို တန်ဖိုးထားပါတယ်။ အားကောင်းတဲ့၊ သာယာဝပြောတဲ့၊ ဒီမိုကရေစီဝါဒ အခြေခံတဲ့ ပါကစ္စတန်နိုင်ငံက အမေရိကန်ရဲ့ အကျိုးအတွက် အထူးအရေးပါတယ်လို့ မိမိတို့ အမြဲတစေ ရှုမြင်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အမေရိကန်သည် ပါကစ္စတန်၏ လက်ရှိအစိုးရကို ဖြုတ်ချချင်လိုသည့် လူပုဂ္ဂိုလ်အဖွဲ့များကို ထောက်ခံမှုပေးရင်း ယင်းနိုင်ငံ၌ ဒုက္ခပြဿနာများ ဖြစ်ပေါ်စေရန် လှုံ့ဆော်နေသည်ဆိုပြီး ပါကစ္စတန်ရှိ အသိုင်းအဝိုင်းအချို့က ပြစ်တင်နေကြသည်။

သို့သော် အဆိုပါ ထင်ကြေးပေးပြောဆိုမှုအားလုံးက မမှန်ကန်ကြောင်း ဝါရှင်တန်ရှိ အရာရှိများနှင့် သံတမန်အသိုင်းအဝိုင်းက တုံ့ပြန်ထားပြီး လက်ရှိ ပါကစ္စတန်ရှိ နိုင်ငံရေးအကျပ်အတည်း၏ နောက်ကွယ်၌ ပြည်တွင်းအကြောင်းတရားများသာ ရှိသည်ဟု ထောက်ပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly