တရုတ်က ဆော်လမွန်ကျွန်းရဲတပ်ဖွဲ့ထံ လေသေနတ်များ လျှို့ဝှက်ပို့ဆောင်

တရုတ်က ဆော်လမွန်ကျွန်းရဲတပ်ဖွဲ့ထံ လေသေနတ်များ လျှို့ဝှက်ပို့ဆောင်

ဆော်လမွန်ကျွန်းနိုင်ငံသည် တရုတ်နှင့်ဆက်ဆံရေး တိုးမြှင့်လာမှုကြောင့် လုံခြုံရေးပူပန်နေရချိန်တွင် တရုတ်နိုင်ငံက လေသေနတ်များကို ဆော်လမွန်ကျွန်းစုရဲတပ်ဖွဲ့ထံ တင်ပို့မှုသည် စိုးရိမ်စရာဖြစ်သည်။

ယခုလအစောပိုင်းကအမည်မသိနေရာတစ်ခုမှသစ်လုံးတင်ရေယာဉ်ဖြင့် လက်နက်အများအပြား တင်ပို့လာမှုကြောင့် ရဲတပ်ဖွဲ့အား ဝေဖန်ပြစ်တင်ခဲ့ကြသည်။

ရဲတပ်ဖွဲ့က ရိုင်ဖယ်သေနတ်၉၅လက်နှင့်ပစ္စတို၉၂လက်တို့သည် ရဲများလေ့ကျင့်ရန် တရုတ်က လှူဒါန်းသော လေသေနတ်များဖြစ်ကြောင်းနှင့် လျှိူ့ဝှက်ဖုံးကွယ်ထားခြင်းမရှိကြောင်း မတ်လ ၂၂ ရက်က ရှင်းပြခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ လေ့ကျင့်နေပုံကိုလည်း ထုတ်ပြန်ခဲ့သည်။

ရဲတပ်ဖွဲ့၏ လက်နက်တိုက်များကို ပြည်သူ့စစ်အဖွဲ့များက ဝင်စီးခဲ့သည့် သွေးစွန်းသော လူမျိုးစု ပဋိပက္ခဖြစ်ခဲ့သည့် ၂၀၂၀ ခုနှစ်တွင် ခြောက်လုံးပြုးများနှင့်လေသေနတ်များကို တားမြစ်ခဲ့သည်။ သို့သော်၂၀၁၇ ခုနှစ်တွင် ရဲများကို လက်နက်ကိုင်ဆောင်ခွင့်ပြုခဲ့သည်။

“ဒီလက်နက်တွေက တော်ဝင်ဆော်လမွန်ကျွန်းစုရဲတပ်ဖွဲ့ (RSIPF)ကိုနည်းဗျူဟာပိုင်းဆိုင်ရာ အသိပညာနဲ့ စွမ်းရည်တွေတည်ဆောက်ရာမှာ အထောက်အကူဖြစ်စေတာကလွဲပြီး အခုအချိန်အထိနိုင်ငံရဲ့ လုံခြုံရေး ကိုဘယ်လိုနည်းနဲ့မှခြိမ်းခြောက်မှုမရှိသေးပါဘူး။ ရဲတပ်ဖွဲ့က ဒီနိုင်ငံရဲ့ အဓိက လုံခြုံရေး အေဂျင်စီဖြစ်တာ ကြောင့်ကျွန်တော်တို့ အသုံးပြုတဲ့ နည်းစနစ်အချို့ဟာ နိုင်ငံတော် လုံခြုံရေးကိစ္စအဖြစ် ပြည်သူအနေနဲ့ သတိထားစရာမလိုပါဘူး” ဟု ရဲကော်မရှင်နာ မိုစတင်မန်ဂေါင်က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

တရုတ်သည် အဆိုပါဒေသတွင် ရေတပ်စစ်သင်္ဘောများ အခြေစိုက်နိုင်ကြောင်း မတ်လ ၂၄ ရက်က ပေါက်ကြားလာသော လုံခြုံရေးသဘောတူညီချက်မူကြမ်းတွင် ဖော်ပြထားသည်။

အဆိုပါ အစီအစဉ်များသည် အမေရိကန်အတွက်လည်း စိုးရိမ်မကင်းဖြစ်စေသည်။တရုတ်က ပစိဖိတ် ကျွန်းစုများတွင် စစ်ဘက်ဆက်ဆံရေးကို ဖန်တီးချင်နေကြောင်း အမေရိကန် အကြီးတန်းအုပ်ချုပ်ရေး အရာရှိများက ထုတ်ဖော်ပြောဆိုပြီးနောက် ဆော်လမွန်ကျွန်းစုတွင် သံရုံးဖွင့်လှစ်မည်ဟု ဖေဖော်ဝါရီတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required