သင်္ကန်းကျွန်းမြို့နယ်၌ ပြောက်ကျားသပိတ်ကို စစ်ကောင်စီတပ် အိမ်စီးကားဖြင့် ဖမ်းဆီး

သင်္ကန်းကျွန်းမြို့နယ်၌ ပြောက်ကျားသပိတ်ကို စစ်ကောင်စီတပ် အိမ်စီးကားဖြင့် ဖမ်းဆီး

မတ် ၃၀

ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ အ.ထ.က သုဝဏ္ဏကျောင်းရှေ့တွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ပြောက်ကျား သပိတ်ကို ကျောင်းသား လူငယ်များက ယနေ့ မတ်လ ၃၀ ရက် မနက် ၈ နာရီ ၃၅ မိနစ်ခန့်တွင် စတင် ပြုလုပ်စဉ် စစ်ကောင်စီတပ်က အိမ်စီးကားဖြင့် လိုက်လံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

"ကျောင်းအရှေ့ ပန်းခြံတည့်တည့်မှာ သပိတ် စမလို့ကို အိမ်စီးကားက ရောက်လာလို့ ပစ္စည်းတွေ အကုန်ချပြီး ကိုယ်လွတ်ရုန်း ပြေးခဲ့ရတယ်၊ ကားတစ်စီးဗျ" ဟု သပိတ်တွင် ပါဝင်သူ လူငယ်က ဆိုသည်။

သပိတ် စတင်ရန် စီစဉ်ချိန် စစ်ကောင်စီတပ်သားများ စီးနင်းလာသော အိမ်စီးကား ရောက်လာသောကြောင့် ပစ္စည်းများ ပစ်ချပြီး ကိုယ်လွတ်ရုန်း ပြေးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်က နည်းပေါင်းစုံဖြင့် ဖမ်းဆီး ဖြိုခွင်းနေသော်လည်း ရန်ကုန်မြို့တွင် နေ့စဉ် ပြောက်ကျား သပိတ်များ ပြုလုပ်နေဆဲ ဖြစ်သည်။

#Mizzima

#သင်္ကန်းကျွန်းမြို့နယ်

#စစ်ကျွန်ပညာရေး

#အိမ်စီးကား

#ပြောက်ကျားသပိတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required