ကလေးမြို့ တာဟန်းရပ်ကွက်ရှိ စစ်ကောင်စီ ကင်းစခန်း တိုက်ခိုက်ခံရ

ကလေးမြို့ တာဟန်းရပ်ကွက်ရှိ စစ်ကောင်စီ ကင်းစခန်း တိုက်ခိုက်ခံရ

မတ် ၂၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့ တာဟန်းရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးနှင့် ဝယ်စလီဆေးရုံ လမ်းထောင့်ရှိ စစ်ကောင်စီတပ် ကင်းစခန်းအား ယနေ့ မတ်လ ၂၉ ရက် နံနက် ၆ နာရီ ဝန်းကျင်တွင် ဝင်ရောက် တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား နှစ်ဦး ထိမှန်ကြောင်း PDF - Kalay က ထုတ်ပြန်သည်။

Kalay Civil Army (KCA) တည်ထောင်မှု တစ်နှစ်ပြည့် အဖြစ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နွေဉီးတော်လှန်ရေး တိုက်ပွဲများ အတွင်း ကျဆုံးခဲ့သော အာဇာနည် သူရဲကောင်းများ၏ သွေးကြွေးကို မဖြစ်မနေ ပြန်လည်ရယူမည် ဖြစ်ကြောင်း ဖော်ပြသည်။

PDF - Kalay စတင် သန္ဓေတည်ခဲ့သော အဖွဲ့အစည်းများ အနက် Kalay Civil Army (KAC) အား တာဟန်း ခံတပ်တွင် စတင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မတ်လ ၂၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်း အင်အား ၁၀ ဦးခန့်အား မြစ်သာမြစ် အနီး ကြံသာရွာတွင် တိုက်ခိုက်ခဲ့ရာ တစ်ဦး ဒဏ်ရာ ရရှိကြောင်း PDF-Kalay က ထုတ်ပြန် ထားသည်။

#Mizzima

#ကလေးမြို့နယ်

#Kalay Civil Army (KAC )

#PDF-Kalay

#ဝယ်စလီဆေးရုံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly