တိရိစ္ဆာန်များအပေါ် ရက်စက်ရာကျသည့် အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူကို တရုတ်လူမျိုးများ ဝေဖန်

တိရိစ္ဆာန်များအပေါ် ရက်စက်ရာကျသည့် အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူကို တရုတ်လူမျိုးများ ဝေဖန်

အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ်ခြင်းများအထိ ဖြစ်လာသည့် တရုတ်နိုင်ငံ၏ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကို နိုင်ငံသားများက ကျယ်ကျယ်လောင်လောင်ဝေဖန်ခဲ့ကြပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ ချိုးဖောက်မှု၊ ပိုင်ဆိုင်မှုလုံခြုံရေးနှင့် တိရစ္ဆာန်များအပေါ် ရက်စက်ကြမ်းကြုတ်မှုတို့နှင့်ပတ်သက်၍ အစိုးရကို မေးခွန်းများ စတင်ထုတ်လာကြသည်။

သခင်ဖြစ်သူ အသွားအလာကန့်သတ်ခံရစဉ် ကိုဗစ်တိုက်ဖျက်ရေးလုပ်သားများကSnowball ဟု အမည်ရှိ အိမ်မွေးခွေးတစ်ကောင်ကို သေသည်အထိ ရိုက်နှက်ဖမ်းဆီးခဲ့သော ဗီဒီယိုဖိုင်သည် တရုတ်လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့သည်ဟု The Hong Kong Post က ဖော်ပြသည်။

ကွမ်တုန်းပြည်နယ် ဟူကျိုးမြို့တွင်နေသော ခွေးပိုင်ရှင် အမျိုးသမီးက ၎င်း၏ချစ်သူ ကိုဗစ်ကူးစက်ခံရသဖြင့် သူမ ကွာရန်တင်းဝင်နေစဉ် ၃ နှစ်သားအရွယ်ခွေးကို တုတ်ဖြင့်ရိုက်သတ်ခံလိုက်ရပုံကို လူမှုမီဒီယာပေါ်၌ ဗီဒီယိုဖိုင်တင်ခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်နိုင်သည့် အထောက်အထားမရှိသလို သက်ဆိုင်ရာခွင့်ပြုချက်မရှိဘဲ ခွေးကို မည်သည့်အတွက်ကြောင့် သတ်ရသနည်းဟု အဆိုပါအမျိုးသမီးကသူမ၏ပို့စ်တွင် မေးခွန်းထုတ်ထားသည်။

ဗီဒီယိုတွင် PPE ဝတ်စုံဝတ်ဆင်ထားသည့် ကိုဗစ်ထိန်းချုပ်တားဆီးရေးသမားသည် ခွေးကို ချောင်ပိတ်ကာ သံတုတ်ဖြင့် သေအောင်ရိုက်သတ်ခဲ့ကြသည်။

ထိုကဲ့သို့ အဖန်တလဲလဲ ဖြစ်ရပ်များသည် ရေရှည်အတွက် တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမဟာဗျူဟာ ဖြစ်နိုင်ခြေ ရှိ/မရှိကို အာဏာပိုင်များအား မေးခွန်းထုတ်နေသော တရုတ်နိုင်ငံရှိ ပြည်သူများအား ဒေါသထွက်စေခဲ့ပြီး ကြီးမားသောတန်ရာတန်ကြေးကို ပေးဆောင်ရလိမ့်မည်ဟု စဉ်းစားစရာ ဖြစ်လာ စေခဲ့သည်။

အိမ်မွေးတိရိစ္ဆာန်များသည် ပုဂ္ဂလိကပိုင်ပစ္စည်းဖြစ်ကြောင်းနှင့် ပိုင်ရှင်၏ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်ခြင်း သို့မဟုတ် စွန့်ပစ်ခြင်းမပြုနိုင်သောကြောင့် နိုင်ငံသားတစ်ဦး၏ကိုယ်ရေးကိုယ်တာနှင့် ပိုင်ဆိုင်မှုလုံခြုံရေးကို ချိုးဖောက်ပိုင်ခွင့်ပေးထားသည့် အစိုးရအား နိုင်ငံသားများက မေးခွန်းထုတ်ခဲ့ကြောင်း The Hong Kong Post တွင် ဖော်ပြထားသည်။

တရုတ်နိုင်င်၏ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေသည် ဆိုးရွားလာသောကြောင့် ပြည်နယ်နှင့်မြို့ကြီး ၂၀ ကျော်တွင် ခရီးသွားလာခွင့်တားမြစ်ထားကာ အသွားအလာလည်း ပိတ်ဆို့ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required