အိန္ဒိယက အာဖဂန်သို့ ပဥ္စမအကြိမ်အဖြစ် ဂျုံ မက်ထရစ်တန်ချိန် ၂၀၀၀ တင်ပို့

အိန္ဒိယက အာဖဂန်သို့ ပဥ္စမအကြိမ်အဖြစ် ဂျုံ မက်ထရစ်တန်ချိန် ၂၀၀၀ တင်ပို့

အိန္ဒိယက အာဖဂန်နစ္စတန်သို့ အကူအညီပေးရန် ကတိပြုထားသည့် ဂျုံ မက်ထရစ်တန်ချိန် ၅၀၀၀၀ အနက် တန်ချိန် ၂၀၀၀ ကို မတ် ၂၃ ရက်က တင်ပို့ပေးလိုက်သည်။

အာတာရီ နယ်စပ် အကောက်အခွန်အရာရှိ ရာဟူးနန်ဂါရီက “အခု ၅ကြိမ်မြောက် ပေးပို့တဲ့ ဂျုံတန်ချိန် ၂၀၀၀ ကို အာတာရီ-ဝါဂါ နယ်စပ်မှတစ်ဆင့် အာဖဂန်နစ္စတန်နိုင်ငံအတွင်းကို ပေးပို့သွားမှာ ဖြစ်ပါတယ်။ လူသားချင်း စာနာထောက်ပံ့မှုအတွက် ပြည်ပရေးရာဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ လုပ်ဆောင်တာဖြစ်ပါတယ်” ဟု ပြောကြားသည်။

အာဖဂန်နစ္စတန် ယာဉ်မောင်းတစ်ဦးကလည်း “အာဖဂန်နစ္စတန်မှာ စားနပ်ရိက္ခာ ပြတ်တောက်နေတယ်။ အခုလို အကူအညီပေးတဲ့ အိန္ဒိယအစိုးရကို ကျေးဇူးတင်ပါတယ်။ ဒီအစီအစဉ်ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်လာ စေမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အိန္ဒိယမှ ပထမဆုံးအကြိမ် အကူအညီပေးပို့သည့် ဂျုံတန်ချိန် ၂၅၀၀ သည် အာဖဂန်နစ္စတန်၏ ဂျလာလာဘတ်မြို့သို့ ပါကစ္စတန်နို်ငငံမှတစ်ဆင့် ဖေဖော်ဝါရီ ၂၆ ရက်က ရောက်ရှိခဲ့သည်။

ဒုတိယအသုတ် အဖြစ် တန်ချိန် ၂၀၀၀ တင်ဆောင်လာသည့် ဂျုံကားများသည် မတ် ၃ ရက်က ဂျလာလာဘတ်မြို့သို့ပင် ရောက်ရှိခဲ့သည်။

တတိယအကြိမ်တွင် ဂျုံတန်ချိန် ၂၀၀၀ ကို ကုန်တင်ကား အစီး ၄၀ ဖြင့် အာတာရီ-ဝါဂါ နယ်စပ်မှတစ်ဆင့် မတ် ၈ ရက်တွင် တင်ပို့ခဲ့သလို စတုတ္ထအကြိမ် တန်ချိန် ၂၀၀၀ သည် အဆိုပါ နယ်စပ်မှပင် မတ် ၁၅ ရက်တွင် ရောက်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required