လှိုင်သာယာမြို့နယ် စစ်ကောင်စီ အခြေစိုက် တပ်ရင်းရှေ့တွင် ပေါက်ကွဲမှုဖြစ်

လှိုင်သာယာမြို့နယ် စစ်ကောင်စီ အခြေစိုက် တပ်ရင်းရှေ့တွင် ပေါက်ကွဲမှုဖြစ်

မတ်လ ၂၇ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ တပ်ထိပ် မှတ်တိုင်ရှိ ဘုရင့်နောင် (၅၃၂) တပ်ရင်း အရှေ့တွင် ယနေ့ မတ်လ ၂၇ ရက် ညနေ ၆နာရီ ၁၅မိနစ်နှင့် ၆ နာရီ ၂၅ မိနစ်တို့တွင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း GOD of Death အဖွဲ့က ပြောသည်။

စစ်ကောင်စီ တပ်မတော်နေ့ အနေဖြင့် ဖောက်ခွဲမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး လမ်းသွား လမ်းလာ ပြည်သူ သုံးဦး ထိခိုက်သည့် အတွက် တောင်းပန်ကြောင်း ဆိုသည်။

"တပ်အရှေ့ပဲ ဆိုပါတော့ဗျာ၊ ပြည်သူ သုံးယောက်ထိလို့ ဆိုရမှာပေါ့ဗျာ၊ နှစ်ယောက်ကတော့ ဒဏ်ရာရပေါ့ တစ်ယောက်ကတော့ မေ့လဲပုံ ရတယ်ဗျ၊ အဝေးက အမြင်ဆိုတော့ ကျနော်တို့လည်း သိပ်မသဲကွဲဘူး" ဟု God of Death အဖွဲ့ တာဝန်ရှိသူက ပြောသည်။

မတ်လ ၉ ရက်နေ့ကလည်း သင်္ကန်းကျွန်းမြို့နယ် ကမာကြည်တံတား အနီး၊ တောင်ထိပ်ပန်း မှတ်တိုင်နားရှိ အရာရှိများ နေထိုင်ရာ နေရာအနီးတွင် ဖောက်ခွဲမှု ပြုလုပ်ခဲ့သေးသည်။

ဓာတ်ပုံ - ပုံအဟောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required