ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်၌ ၁၀ နှစ်ကျော်အတွင်း လူထောင်ချီ ပျောက်ဆုံးခဲ့ပြီး ၃ပုံ ၁ပုံကိုသာ ပြန်ရှာတွေ့ထား

By Islam Khabar
27 March 2022
ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်၌ ၁၀ နှစ်ကျော်အတွင်း လူထောင်ချီ ပျောက်ဆုံးခဲ့ပြီး ၃ပုံ ၁ပုံကိုသာ ပြန်ရှာတွေ့ထား

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်တွင် ၂၀၁၁ ခုနှစ်နောက်ပိုင်း လူထောင်ပေါင်းများစွာ ပျောက်ဆုံးခဲ့ပြီး ၎င်းတို့အနက် ၃ပုံ ၁ပုံခန့်သာ ၎င်းတို့ နေအိမ်များထံ ပြန်လည် ရောက်ရှိခဲ့ကာ အခြားသူများမှာ ယခုထက်ထိ ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်သည်။

အဆိုပါ ပြည်နယ်၌ ၂၀၁၁ ခုနှစ် မတ်လနောက်ပိုင်း နိုင်ငံသား ၈,၄၆၃ ဦး ပျောက်ဆုံးခဲ့ပြီး ၎င်းတို့အနက် ၃,၂၈၄ ဦးသာ နေအိမ်သို့ ပြန်ရောက်ခဲ့ကြောင်း ကော်မရှင်တစ်ခု၏ အစီရင်ခံစာတစ်ရပ်ကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။

အတင်းအကျပ် ပျောက်ကွယ်သွားစေမှုများဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်က မတ်လ ၁၁ ရက်တွင် အစ္စလမ်မာဘတ် တရားရုံးချုပ် (IHC) ထံ အစီရင်ခံစာတစ်ရပ် တင်ပြခဲ့သည်ဟု ပါကစ္စတန် သတင်းစာက ဖော်ပြသည်။

ပျောက်ဆုံးနေသူများကို ရှာဖွေရန် ထို ကော်မရှင်ကို ၂၀၁၁ ခုနှစ်က ထူထောင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ မတ်လ မှ ၂၀၂၂ ဖေဖေါ်ဝါရီ ၂၈ ရက်အကြား ၁၁ နှစ်နီးပါးကြာ ကာလအတောအတွင်း ကော်မရှင်သည် အတင်းအကျပ် ပျောက်ကွယ်သွားစေမှုဆိုင်ရာ တိုင်ကြားမှုပေါင်း ၈,၄၆၃ ခု ကို လက်ခံရရှိခဲ့သည်ဟု အစီရင်ခံစာ က ဖော်ပြသည်။

ကော်မရှင်ကထို တိုင်ကြားချက်များအနက် အမှုပေါင်း ၆,၂၁၄ ခုကို ရှင်းထုတ်ခဲ့ပြီး ၂,၂၄၉ ခုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly