အာဖဂန် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဝါရှင်တန်တွင် Uber အငှားယာဉ်မောင်းနေ

အာဖဂန် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဝါရှင်တန်တွင် Uber အငှားယာဉ်မောင်းနေ

အာဖဂန်နစ္စတန်အစိုးရဟောင်းလက်ထက်က ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ခါလစ်ဒ် ပေယန်ဒါသည် လက်ရှိအချိန်တွင် ဝါရှင်တန်၌ Uber ဒရိုင်ဘာတစ်ဦးအဖြစ် လုပ်ကိုင်လျက် ရှိသည်။

ပေယန်ဒါသည် အာဖဂန်နစ္စတန်ကို တာလီဘန်တို့ မထိန်းချုပ်ခင် တစ်ပတ်အလိုတွင် ရာထူးကနေ နုတ်ထွက်ခဲ့သူ ဖြစ်သည်။ ရာထူးမှ မထွက်ခင် အာဖဂန်သမ္မတဟောင်း အာရှ်ရက်ဖ် ဂါနီက အစည်းအဝေးတစ်ခု၌ ပေယန်ဒါကို ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရသည်။

၎င်းအနေဖြင့် အာရှ်ရက်ဖ် ဂါနီ၏ ယုံကြည်မှုကို ဆုံးရှုံးလိုက်ရပြီဟု ခံစားမိခဲ့သော်လည်း အစိုးရ ပြိုလဲသွားတော့မည်ဆိုပြီး ယင်းအချိန်က မထင်မိခဲ့ကြောင်း ပေယန်ဒါက ပြောသည်ဟု ဝါရှင်တန် ပို့စ်က ဖော်ပြသည်။

အာဖဂန်အစိုးရဟောင်း ဝမ်းနည်းဖွယ်ရာ ပြုတ်ကျမှုဖြစ်ပြီး လများကြာပြီးနောက်တွင်လည်း အစိုးရပြုတ်ကျမှု အတွက် မည်သူ့တွင် အပြစ်ရှိခဲ့သလဲ ဆိုသည့် မေးခွန်းက ပေယန်ဒါကို ခြောက်လှန့်နေဆဲဖြစ်သည်။

ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခဲ့ရသည့် အစိုးရတစ်ရပ် မြန်မြန်ဆန်ဆန် ပြိုလဲသွားမှုအတွက် ၎င်းကိုယ်တိုင်နှင့် အခြားအာဖဂန်နိုင်ငံသားများတွင် အပြစ်ရှိသည်ဟု ပေယန်ဒါက ပြောကြားသည်။

“ပြုပြင်ပြောင်းလဲဖို့နဲ့ လေးလေးနက်နက် ရှိဖို့ ကျွန်တော်တို့မှာ စုစည်းညီညွတ်တဲ့ စိတ်ဆန္ဒ မရှိခဲ့ကြပါဘူး” ဟု ၎င်းက ပြောသည်။

ထို့ပြင် အာဖဂန်နစ္စတန်ကို တာလီဘန်တို့လက်ထဲ ရောက်ရှိသွားစေခြင်းနှင့် အာဖဂန်ပြည်သူတို့၏ တိုက်ပွဲဝင်မှုကို သက်ဝင်လှုပ်ရှားစေခဲ့သည်ဟု ယူဆရသည့် ခိုင်မြဲသော စံနှုန်းများကို သစ္စာဖောက်မှုအတွက် အာဖဂန် ဘဏ္ဍာရေး ဝန်ကြီးဟောင်းက အမေရိကန်ကိုလည်း အပြစ်ဖို့ခဲ့သည်။

“အဲဒါက ခင်ဗျားကို အတွင်းကနေ လှိုက်စားသွားတာပါ” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly