တရုတ်အစိုးရ၏ နည်းပညာကဏ္ဍကို ဖိနှိပ်မှုကြောင့် အလုပ်အကိုင် ဈေးကွက်ကို ပျက်စီးစေနိုင်

By The Indian Times
27 March 2022
တရုတ်အစိုးရ၏ နည်းပညာကဏ္ဍကို ဖိနှိပ်မှုကြောင့် အလုပ်အကိုင် ဈေးကွက်ကို ပျက်စီးစေနိုင်

တရုတ်အစိုးရ၏ နည်းပညာကုမ္ပဏီကြီးများကို ဖိနှိပ်မှုကြောင့် အလုပ်သမားငှားရမ်းမှုနှေးကွေးနေပြီး အလုပ်မှ ထုတ်ပယ်မှုရှိနေကာ စီးပွားရေးကျဆင်းနေချိန်တွင် အလုပ်အကိုင်ဈေးကွက်ကို ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။

တရုတ်အစိုးရ၏ တစ်နှစ်တာ နည်းပညာကုမ္ပဏီကြီးများကို ဖိနှိပ်မှုကြောင့် ကုမ္ပဏီများ အထိနာခဲ့သဖြင့် အလုပ်အကိုင်ဈေးကွက်ကို ကာလရှည်ကြာ ထိခိုက်နိုင်သည်ဟု ပညာရှင်အဖွဲ့ဖြစ်သော မူဝါဒသုတေသနအဖွဲ့ (POREG) က ဖော်ပြခဲ့သည်။

၂၀၂၁ခုနှစ်တွင် အခြားအရာများအပြင် စားသုံးသူအခွင့်အရေးချိုးဖောက်မှုများ၊ လက်ဝါးကြီးအုပ်ဈေးကွက် အလေ့အကျင့်များ၊ စားသုံး သူကိုယ်ရေးအချက်အလက်ချိုးဖောက်မှု၊ အရွယ်မရောက်သေးသူများကို ဂိမ်းစွဲ လမ်းခြင်းမှ ကာကွယ်ရန်နှင့် လူမှုရေးအန္တရာယ်ဟုယူဆရသည့် အကြောင်းအရာများကို တားဆီးရန် ရည်ရွယ်သည့် စည်းမျဉ်းအသစ်များ ဖြင့် တရုတ်အစိုးရသည် နည်းပညာကုမ္ပဏီကြီးများကို ဆက်တိုက်ဖိနှိပ် ခဲ့သည်။

အများစုမှာ "ဆင်ခြင်တုံတရားအားနည်းသော အရင်းအနှီးတိုးချဲ့မှုအား တားဆီးခြင်း" ဟူသော ခေါင်းစဉ် အောက်တွင် လုပ်ဆောင်ခြင်းဖြစ်သည်။

ယင်းလှုပ်ရှားမှုသည် အလုပ်အကိုင်ဈေးကွက်ကို သက်ရောက်မှုရှိနေသည်မှာ ထင်ရှားကြောင်း POREG က ဖော်ပြသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း နည်းပညာကဏ္ဍသည် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သော တရုတ် တွင် အင်အားအကောင်းဆုံး အလုပ်အကိုင်ဖန်တီးရေးကဏ္ဍများထဲမှ တစ်ခုဖြစ်ခဲ့သည်။

အကြောင်းအရာဖန်တီးမှုမှ ပုဂ္ဂလိကျူရှင်အထိ နည်းပညာကို အသုံးပြုလုပ်ဆောင်လာခြင်းများကြောင့် ဆိုင်ရာ အလုပ်များကို ဖျက်ဆီးခြင်းသည် အလုပ် လက်မဲ့နှုန်းကို မကြုံစဖူးတိုးလာစေသည်ဟု POREG က ဖော်ပြခဲ့သည်။

ယူကရိန်းအကျပ်အတည်း၊ တရုတ်တွင်ကိုဗစ်ဖြစ်ပွားမှု ပြန်လည်မြင့်တက်နေချိန်နှင့် စီးပွားရေးအကျပ်အ တည်းများ ဆိုးရွားလာချိန်တွင် တရုတ်တွင် အလုပ်အကိုင်ရှာဖွေသူဦးရေကို ထပ်တိုးစေမည့် ဘွဲ့ရ ၁၀ သန်း ခန့်သည် ယခုနှစ်နွေရာသီတွင် အလုပ်အကိုင်ဈေးကွက်သို့ ဝင်ရောက်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly