လဲချားမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာဘက်ကို လက်နက်ကြီးများ ပစ်ခတ်

လဲချားမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာဘက်ကို လက်နက်ကြီးများ ပစ်ခတ်

မတ်လ ၂၆ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ ကန်းအုန်ကျေးရွာတွင် ယမန်နေ့ မတ်လ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံပြည်သူများ ကြောက်ရွံထိတ်လန့်နေရကြောင်း သိရသည်။

ကန်းအုန် ကျေးရွာအတွင်း လွန်ခဲ့သော အပတ်က ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်းမှ ၎င်းတို့ နေရာယူထားသည့် တောင်ကုန်းမှ ရွာလမ်းမပေါ်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထိုကဲ့သို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။

"သေနတ်သံရောပါတယ်၊ လက်နက်ကြီးသံ ငါးချက်လောက်ပစ်တယ်၊ ညဆယ်နာရီလောက်ပစ်တာဆိုတော့ အကုန်ကြောက်ကုန်ကြတယ်၊ ရွာနားမှာဘာလက်နက်ကိုင်မှမရှိဘူး၊သူတို့လျှောက် ပစ်တာ"  ဟု ကန်းအုန် ဒေသခံ တစ်ဦးကပြောသည်။

လဲချားမြို့နယ်သည် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတို့တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သောဒေသဖြစ်ပြီး လက်ရှိတွင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required