မဟာအောင်မြေမြို့နယ်တွင် စစ်ဆေးမှုပြုလုပ်နေသည့်အဖွဲ့ တိုက်ခိုက်ခံရ၍ ယာဉ်ထိန်းရဲ ဒဏ်ရာရ

မဟာအောင်မြေမြို့နယ်တွင် စစ်ဆေးမှုပြုလုပ်နေသည့်အဖွဲ့ တိုက်ခိုက်ခံရ၍ ယာဉ်ထိန်းရဲ ဒဏ်ရာရ

မတ်လ ၂၆ ရက်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်း ဝင်ပေါက်ရှေ့တွင် ပြည်သူများကို စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းတို့၏လက်အောက်ခံအဖွဲ့တို့ ပစ်ခတ်ခံရပြီး ယာဥ်ထိန်းရဲတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယနေ့မတ်လ ၂၆ရက်နေ့လယ် ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့၏ လက်အောက်ခံ ယာဥ်ထိန်းရဲများ စစ်ဆေးနေစဥ်  ဆိုင်ကယ်စီး လူငယ်များက သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

"သေနတ်သံက ခြောက်ချက်လောက်ပစ်သွားတာ။ဆေးရုံကားလာခေါ်သွားတယ်။ယာဥ်ထိန်းရဲတစ်ယောက်ခြေထောက်မှန်သွားတာ"ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ကလည်း ယင်းနေရာအနီးရှိ ယာဥ်ထိန်းရဲ ဂတ်တဲ ဖောက်ခွဲခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်း နေရာအတွင်းမှ စစ်ကောင်စီတပ်သားများ ထွက်လာကာ ပစ်ခတ်မှုများပြုလုပ်ခဲ့ သေးသည်။

မန္တလေးမြို့တွင်း သွားလာနေသည့်ပြည်သူများကို ဖမ်းဆီးစစ်ဆေးနေသည့် စစ်အုပ်စုလက်အောက်ခံများ မကြာခဏ တိုက်ခိုက်ခံရကြောင်း သိရသည်။

ဖေဖော်ဝါရီလကလည်း ပြည်ကြီးတံခွန်မြို့နယ် အတွင်းဖမ်းဆီးစစ်ဆေးနေသည့် ယာဥ်ထိန်းရဲအပါအဝင် အဖွဲ့စုံတိုက်ခိုက်ခံခဲ့ရပြီး မြို့နယ်ရဲမှူးအပါအဝင် ၁၀ဦးဒဏ်ရာရခဲ့သေးသည်။

ပုံ-ပြည်သူများကိုဖမ်းဆီးစစ်ဆေးနေသည့်အဖွဲ့များကိုမတ်လအတွင်းကတိုက်ခိုက်ခံရပြီးဒဏ်ရာရပုံ (ပုံအဟောင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required