ပါကစ္စတန်၏ လေကြောင်းကာကွယ်ရေးစွမ်းရည် မြှင့်တင်ရန် တရုတ်က နောက်ဆုံးပေါ် တိုက်လေယာဉ်များ ပေးအပ်

ပါကစ္စတန်၏ လေကြောင်းကာကွယ်ရေးစွမ်းရည် မြှင့်တင်ရန် တရုတ်က နောက်ဆုံးပေါ် တိုက်လေယာဉ်များ ပေးအပ်

ပါကစ္စတန်၏ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံက J-10 ဘက်စုံသုံး နည်းဗျူဟာမြောက် နောက်ဆုံးပေါ်တိုက်လေယာဉ်များကို ပေးအပ်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ပါကစ္စတန်လေတပ် (PAF) သည် တရုတ်လုပ်တိုက်လေယာဉ်များကို စစ်အင်အားသို့ ထည့်သွင်းသည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့သည်။

လေ့လာသုံးသပ်သူများ၏အဆိုအရ ယင်းသဘောတူညီချက်သည် ပါကစ္စတန်၏ လေကြောင်းရန် ကာကွယ် ရေးနှင့် ရေကြောင်းလုံခြုံရေးစွမ်းရည်များကို သိသိသာသာ မြှင့်တင်ပေးလိမ့်မည်ဖြစ်ကြောင်း Asia Times သတင်းတွင် ဖော်ပြထားသည်။

အများအားဖြင့် စစ်အေးတိုက်ပွဲအတွင်း အသုံးပြုခဲ့သည့် လက်နက်အတော်များများကို အမေရိကန်ထံမှ အကူအညီကို လက်ခံရရှိခဲ့သော ပါကစ္စတန်သည် အမေရိကန်၏ ကန့်သတ်ချက်များ ပိုမိုများပြားလာခြင်း ကြောင့် ယခုအခါတွင် တရုတ်၏ လက်နက်အကူအညီရယူရန် စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ပါကစ္စတန်က ယခင်က အမေရိကန်အပေါ် မှီခိုအားထားမှုမှ ပြတ်ပြတ်သားသား ဘက်ပြောင်းခဲ့ပြီး တရုတ်က တိုက်လေယာဉ်များ ရောင်းချခြင်းကြောင့် တရုတ်-ပါကစ္စတန်ကို မဟာဗျူဟာမြောက် နီးကပ်စေခဲ့သည်။

ပါကစ္စတန်သည် အမေရိကန်ထံမှ လက်နက်များရယူရန် ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရသောကြောင့် ပါကစ္စတန်၏ သမားရိုးကျနှင့် နျူကလီးယားလက်နက်များကို မြှင့်တင်ရန်အတွက် လက်နက်များ ထောက်ပံ့ခြင်း ဖြင့် တရုတ်နိုင်ငံက လိုအပ်ချက်ကို ဖြည့်တင်းပေးခဲ့သည်။

တရုတ်နိုင်ငံသည် ပါကစ္စတန်လက်နက်ကိုင်တပ်ဖွဲ့များကို ကာလအတန်ကြာကတည်းက ထောက်ပံ့ပေးနေ သော်လည်း မကြာသေးမီနှစ်များအတွင်း ဆက်ဆံရေးပိုမိုနက်ရှိုင်းလာကာ တရုတ်ပို့ကုန် ပစ္စည်းများကို အဓိကဝယ်ယူသည့် နိုင်ငံဖြစ်လာသည်။

တရုတ်နိုင်ငံသည် ပါကစ္စတန်နျူကလီးယားလက်နက်အစီအစဉ်အတွက် သိသာထင်ရှားသောအကူအညီကို ပေးအပ်ခဲ့ပြီး ဒုံးကျည်အစိတ်အပိုင်းများ၊ ထိပ်ဖူးဒီဇိုင်းများနှင့် သန့်စင်မှုအဆင့်မြင့်သော ယူရေနီယံများကိုပင် ထောက်ပံ့ပေးခဲ့သည်ဟု စွပ်စွဲခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly