စစ်ကြောင့် ထွက်ပြေးလာသည့် ယူကရိန်းနိုင်ငံသား ၁ သိန်းကို လက်ခံပေးသွားမည်ဟု အမေရိကန် ပြော

စစ်ကြောင့် ထွက်ပြေးလာသည့် ယူကရိန်းနိုင်ငံသား ၁ သိန်းကို လက်ခံပေးသွားမည်ဟု အမေရိကန် ပြော

မတ် ၂၅

ရုရှ၏ ကျူးကျော်မှုကြောင့် ယူကရိန်းနိုင်ငံကနေ ထွက်ပြေးလာရသော ဒုက္ခသည် ၁၀၀,၀၀၀ အထိကို လက်ခံပေးသွားရန် စီစဉ်နေပြီး ယူကရိန်းကို လူသားချင်းစာနာမှု အကူအညီသစ် ဒေါ်လာ ၁ ဘီလီယံ ပေးအပ်သွားမည်ဟု ကတိပြုကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရက မတ်လ ၂၄ ရက်တွင် ပြောသည်။

ရုရှတို့ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲသည့် တစ်လတာအတွင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက်ပိုင်း ဥရောပ၏ အမြန်ဆန်ဆုံး ရွှေ့ပြောင်းသွားလာသည့် ဒုက္ခသည်အကျပ်အတည်းတစ်ခုကို အစပျိုးဖြစ်ပေါ်ထားစေခဲ့သည်။

အကျပ်အတည်းအပေါ် အနောက်အုပ်စု၏ တုံ့ပြန်မှုကို ချိတ်ဆက်ညှိနှိုင်းရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဥရောပ ခေါင်းဆောင်များ ဘရက်ဆဲလ်မြို့၌ တွေ့ဆုံစည်းဝေးနေစဉ် ယခု ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဖေဖေါ်ဝါရီ ၂၄ ရက်၌ ရုရှတို့ ယူကရိန်းကို ကျူးကျော်ပြီးနောက် ယူကရိန်းကနေ လူပေါင်း ၃ ဒသမ ၅ သန်းကျော် ထွက်ပြေးထားခဲ့ကြရပြီဖြစ်ကာ ၎င်းတို့ကို လက်ခံပေးနေသည့် အိမ်နီးချင်း ဥရောပနိုင်ငံများပေါ် ဝန်ပိစေလျက် ရှိသည်။

အမေရိကန်တွင် ခိုလှုံခွင့် ရရန် ကြိုးပမ်းနေသူများကို အကူအညီပေးနိုင်ရေး ယခုထက်ပိုမိုလုပ်ဆောင်ရန် အမေရိကန် လွှတ်တော်အမတ်များ၊ ထောက်ခံအားပေးသူများက သမ္မတ ဘိုင်ဒင်ကို တိုက်တွန်းထားသည်။

မတ်လ၏ ပထမဆုံး သီတင်းပတ်နှစ်ပတ်အတွင်း ယူကရိန်း ဒုက္ခသည် ခုနစ်ဦး အမေရိကန်၌ အခြေချခဲ့ကြောင်း ရိုက်တာက မြင်ခွင့်ရခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်တွင်းဒေသများအရ သိရသည်။

ယူကရိန်းနိုင်ငံသားအချို့သည် အမေရိကန်တွင် ခိုလှုံခွင့် တောင်းခံရန်အတွက် မက္ကဆီကို သို့ ကနဦး သွားရောက်မှုများ ရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly