ရှင်ကျန်းတွင် တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အသိပေးရန် အင်ဒိုနီးရှား၌ နိုင်ငံတကာ အွန်လိုင်းဆွေးနွေးပွဲကျင်းပ

By ANI
23 March 2022
ရှင်ကျန်းတွင် တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အသိပေးရန် အင်ဒိုနီးရှား၌ နိုင်ငံတကာ အွန်လိုင်းဆွေးနွေးပွဲကျင်းပ

တရုတ်အစိုးရက ရှင်ကျန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို အသိပညာပေးရန်နှင့် တရုတ်နိုင်ငံအပေါ် အကြွေးတင်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံအချို့က ၎င်းအရေးကို အသိကျိုးကျွန်ပြုရခြင်းကို ဖော်ထုတ်ရန် အင်ဒိုနီးရှားနိုင်ငံရှိ အရှေ့တောင်အာရှလေ့လာရေးစင်တာ (CSEAS) က ‘ဝီဂါ မွတ်စလင်များအပေါ် တရုတ်၏ရက်စက်ယုတ်မာမှုများ- နိုင်ငံများစွာက ဘာကြောင့် နှုတ်ဆိတ်နေကြသနည်း’ ခေါင်းစဉ်ဖြင့် နိုင်ငံတကာအွန်လိုင်း ဆွေးနွေးပွဲတစ်ခုကို မတ်လ ၁၅ ရက်က အင်ဒိုနီးရှားက လက်ခံကျင်းပခဲ့သည်။

တရုတ်သည် ဝီဂါယဉ်ကျေးမှုကို နိုင်ငံတွင်းမှ ဖယ်ရှားပစ်ရန် ကြိုးစားနေကြောင်း လူသိများထင်ရှားသော ပုဂ္ဂိုလ်များကအစည်းအဝေးတွင် မှတ်ချက်ပြုခဲ့ကြသည်။

ဆွေးနွေးပွဲတွင် အိုမာကာနက် (ဝီဂါလူ့အခွင့်အရေးပရောဂျက်၏ အမှုဆောင်ဒါရိုက်တာ၊ ဝါရှင်တန်)၊ ပါမောက္ခ ဂျိမ်းလေဘို (La Trobe တက္ကသိုလ်၊ မဲလ်ဘုန်း၊ ဩစတြေးလျ)၊ ဒင်နာပရက်တိုရာဟာဂျို (Binus တက္ကသိုလ်၊ ဂျကာတာ) နှင့် ဒေါက်တာအိုင်ဂျက်ဝါနီ (သုတေသီ၊ Obeserver Research ဖောင်ဒေးရှင်း၊ မွမ်ဘိုင်း၊ အိန္ဒိယ) တို့အပါအဝင် အထင်ကရပုဂ္ဂိုလ်များပါဝင်သည်။

“မွတ်စလင်အသိုင်းအဝိုင်းက တုံ့ပြန်မှုမရှိတော့ ဝီဂါတွေအတွက် စိတ်ဓာတ်ကျစေတာပေါ့။ မွတ်စလင်အများစုရှိတဲ့နိုင်ငံအတော်များများရဲ့ ခေါင်းဆောင်ပိုင်းက နှုတ်ဆိတ်နေပြီး အချို့ကတော့ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေကို အပြောနဲ့ပါထောက်ခံကြတယ်" ဟု အိုမာကာနက်ကပြောသည်။

"စီးပွားရေးအရ တရုတ်နိုင်ငံကို အကြွေးတင်နေပြီး တရုတ်ရဲ့ နိုင်ငံရေးအစ္စလမ်မစ်နည်းဗျူဟာကို နာခံတဲ့ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့လို တောင်အာရှမှာရှိတဲ့ မွတ်စလင်နိုင်ငံတချို့က ရှင်ကျန်းက မွတ်စလင်တွေအပေါ် ရက်စက်ယုတ်မာမှုတွေကို မျက်ကွယ်ပြုထားကြပါတယ်" ဟု ဒေါက်တာ အိုင်ဂျက်ဝါနီက မှတ်ချက်ပြုခဲ့သည်။

ထို့ပြင် ပါမောက္ခ ဂျိမ်းလေဘိုက သတင်းအချက်အလက်အားနည်းသဖြင့် ရှင်ကျန်းရှိ လူ့အခွင့်အရေး အခြေအနေများကို ပြည်သူများ သိရှိမှု နည်းပါးကြောင်း ထောက်ပြခဲ့သည်။“စစ်မှန်တဲ့ အထွေထွေဗဟုသုတ ကွဟချက်တွေရှိပါတယ်။ ရှင်ကျန်းမှာ ဘာတွေဖြစ်ပျက်နေတဲ့အရာတွေနဲ့မွတ်စလင်အသိုင်းအဝိုင်းရဲ့ မီဒီယာနဲ့ လူမှုမီဒီယာအခင်းအကျင်းမှာ ဝီဂါလူမျိုးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ သိပ်မတွေ့ရဘူး” ဟု ၎င်းက ဆိုသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်နယ်သာလန်တို့က နိုင်ငံတကာဥပဒေအရ တရုတ်လုပ်ရပ်များသည် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း အဆုံးအဖြတ်ပေးခဲ့ကြသည်။ ထို့ကြောင့် နိုင်ငံအများက တရုတ်တာဝန်ရှိသူများနှင့် ကုမ္ပဏီများကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

သို့သော် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများမှ နိုင်ငံအများအပြားသည် ရှင်ကျန်းရှိ ရက်စက်ယုတ်မာမှုများနှင့်ပတ်သက်၍ နှုတ်ဆိတ်နေခဲ့ကြသလို မွတ်စလင်အများစုရှိသည့် နိုင်ငံများကလည်း ဝီဂါများအပေါ် တရုတ်၏ ဖိနှိပ်ချုပ်ချယ်မှုများအား အင်တိုက်အားတိုက် ထောက်ခံခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required