တရုတ်၌ ကိုဗစ်-၁၉ ကန့်သတ်ချက်များ ဆက်လက်ထားရှိပါက နိုင်ငံ၏ ဂျီဒီပီ ကျဆင်းနိုင်

တရုတ်၌ ကိုဗစ်-၁၉ ကန့်သတ်ချက်များ ဆက်လက်ထားရှိပါက နိုင်ငံ၏ ဂျီဒီပီ ကျဆင်းနိုင်

တရုတ်သည် ၂ နှစ်အတွင်း ကူးစက်မှုအမြင့်ဆုံးဖြစ်လာသော COVID-19 ဖြစ်ပွားမှုကို တိုက်ဖျက်ရန်နိုင်ငံ၏ နေရာအတော်များများတွင် အသွားအလာ ဆက်လက်ပိတ်ဆို့ထားမည်ဆိုပါက နိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်ကုန် (GDP) တိုးတက်မှုနှုန်းသည် ၁ သို့ မဟုတ် ၂ ရာခိုင်နှုန်း ကျဆင်းသွားနိုင်သည်။

တရုတ်နိုင်ငံတွင် တစ်ရက်လျှင် ကိုရိုနာဗိုင်းရပ်ကူးစက်မှုအသစ် ၁၄၀၀ ကျော်နှင့် ပြီးခဲ့သည့် ၂ နှစ်အတွင်းတွင် ကူးစက်မှု အမြင့်မားဆုံးဖြစ်လာကာ အာကာဏာပိုင်များသည် ဆိုးရွားသောအခြေအနေကို ကိုင်တွယ် ဖြေရှင်းရန် ရုန်းကန်နေရသည်။

ဒေသတွင်းကူးစက်မှုအသစ်အများစုကို ကျီလင်း၊ ကွမ်တုန်း၊ ရှန်တုန်းနှင့် ရှန်ရှီးကဲ့သို့သော အရှေ့ပိုင်း ပြည်နယ်များတွင် တွေ့ရသည်။ ကျန်းစုပြည်နယ်၏အချို့သောခရိုင်များတွင် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး စည်းမျဉ်းများကိုချိုးဖောက်ပါက ဒဏ်ငွေ ယွမ် ၁၀ ၀၀၀ အထိ ပေးဆောင်ရန် ကြေညာထားသည်။

ရောဂါပျံ့နှံမှုမဖြစ်အောင်ထိန်းထားသည့်ကန့်သတ်ချက်များနှင့်စီမံချက်များ မအောင်မြင်ပါက တရုတ်သည် နိုင်ငံ၏အစိတ်အပိုင်းအများအပြားတွင် အသွားအလာပိတ်ဆို့မှုများချမှတ်ရန် စဉ်းစားလာနိုင်သည်။

သို့သော် အသွားအလာပိတ်ဆို့ထားမှုသည် ပြည်တွင်းစီးပွားရေး လှုပ်ရှားမှုကို အဟန့်အတားဖြစ်စေခြင်း၊ တင်ပို့မှု နှေးကွေးစေခြင်း၊ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များကို နှောင့်ယှက်ခြင်းတို့ဖြစ်စေပြီး တရုတ်နိုင်ငံ ၏ ဂျီဒီပီ တိုးတက်မှုကို ၁ သို့မဟုတ် ၂ ရာခိုင်နှုန်းသို့ လျော့ကျစေလိမ့်မည်။

၂၀၂၁ခုနှစ် မေလမှ ဇွန်လအတွင်း ရှန်ဇန်းဆိပ်ကမ်းတွင် ကုန်သွယ်မှုအရှိန်နှေးသွားခြင်းသည် စူးအက် တူးမြောင်းပိတ်ဆို့ခြင်းထက်ပင် သက်ရောက်မှုကြီးမားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly