မြန်မာနိုင်ငံသို့ ဦးတည်နေသည့် မုန်တိုင်းမှာ လေဖိအားနည်း ရပ်ဝန်းသာ ဖြစ်ပေါ်တော့မည်ဟု ဆို

22 March 2022
မြန်မာနိုင်ငံသို့ ဦးတည်နေသည့် မုန်တိုင်းမှာ လေဖိအားနည်း ရပ်ဝန်းသာ ဖြစ်ပေါ်တော့မည်ဟု ဆို

 

မြန်မာနိုင်ငံသို့ ဦးတည်နေသည့် အာစနီ (INVEST-91B) မှာ ဆိုက်ကလုန်း မုန်တိုင်း အဆင့်သို့ မရောက်ရှိတော့ဘဲ ယနေ့ မတ်လ ၂၂ ရက် ညနေ ၆ နာရီ ခန့်တွင် လေဖိအားနည်း ရပ်ဝန်း အဖြစ်သို့ ရောက်ရှိမည်ဟု ၁၀ နှစ်ကျော် မိုးလေဝသ ပညာကို လေ့လာထားသည့် ဦးဝင်းနိုင် က မဇ္ဈိမ သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။ မတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်း အချိန်တွင် ဧရာဝတီတိုင်း ၊ မြစ်ဝကျွန်းပေါ်ဒေသများ ၊ ရန်ကုန် ၊ မန္တလေး စသည့်နေရာ တို့တွင် မိုးရွာသွန်းမှုနှင့်အတူ လေပြင်းများ တိုက်ခတ်မှု ရှိနေပါတယ်။ မိုးရွာသွန်းမှု အခြေအနေ ၊ လေပြင်းများ တိုက်ခတ်မှုနှင့် ကမ်းရိုးတန်း အခြေအနေများကို မဇ္ဈိမ သတင်းဌာနရဲ့ သတင်းထောက် ကိုထွန်းထွန်းဝင်းက မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်က ဆက်သွယ် မေးမြန်းထားပါတယ်။ #MizzimaTV #မုန်တိုင်း #အာစနီ #လေဖိအားနည်းရပ်ဝန်း #မြစ်ဝကျွန်းပေါ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly