ကလေးမြို့နယ် အောင်ချမ်းသာရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဉီး သေဆုံးဟုဆို

ကလေးမြို့နယ် အောင်ချမ်းသာရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဉီး သေဆုံးဟုဆို

မတ်လ ၂၀ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း အောင်ချမ်းသာကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ခုနှစ်ဉီး သေဆုံးကြောင်း ချင်းအမျိုးသား အဖွဲ့ချုပ် CNO က ယနေ့ မတ်လ ၂၀ ရက်တွင် ထုတ်ပြန်သည်။

ယနေ့ နေ့လယ် ၁၂ နာရီ မိနစ် ၃၀ မှ စတင်၍ တစ်နာရီ နီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ CNDF နှင့်အတူ PDF Kalay အဖွဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။

“စကစ (စစ်ကောင်စီတပ်) တွေက အဖွဲ့လိုက် တက်လာကြတာကို လက်ဉီးမှု ယူပြီး ပစ်ခတ် တိုက် ခိုက် ခဲ့ကြတာပါ” ဟု CNDF ပြောရေးဆိုခွင့် ရှိသူက မဇ္ဈှိမ ကိုပြောသည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ ရမ်းသန်း ပစ်ခတ်ကာ ချောင်းခွရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ် နှစ်လုံးအား မီးတင်ရှို့သွားကြောင်း ပြောသည်။

မတ်လ ၁၈ နေ့ကလည်း ကလေးမြို့နယ် နတ်ချောင်းရွာရှိ နေအိမ် ၇၂ လုံးကို စစ်ကောင်စီတပ်က မီးတင်ရှို့ပြီး  ပစ္စည်းများ ခိုးယူ သယ်ဆောင်သွားကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required