တနင်္သာရီမြို့နယ် ကိုးအင်းရွာ အနီး စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်၊ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

တနင်္သာရီမြို့နယ် ကိုးအင်းရွာ အနီး စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်၊ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

မတ်လ ၁၉ ရက်

မြိတ်ခရိုင် ၊ တနင်္သာရီမြို့နယ် ကိုအင်းကျေးရွာ အနီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ယနေ့ မတ်လ ၁၉ ရက် နံနက် ၆ နာရီခန့်တွင် တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့်  ဒေသခံ ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရသည်။

အင်အား ၁၀၀ နီးပါးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် တကူ တိုက်နယ် ကိုးအင်းရွာ အနီးတွင် ဘက်မလိုက် ပြောက်ကျားအဖွဲ့နှင့်  တိုက်ပွဲ စတင် ဖြစ်ပွားခဲ့သည်ဟု ဒေသခံက ပြောသည်။

“တိုက်ပွဲ ဖြစ်တဲ့ အချိန်မှာ စစ်ကောင်စီဘက်က တစ်ယောက် မိုင်းထိပြီး သေတယ် ကြားတယ်။ သုံးယောက်တော့ သေနတ် ထိထားတယ်” ဟု ကိုးအင်းရွာ ဒေသခံက ပြောသည်။

လက်ရှိတွင် တစ်နာရီကြာ ဖြစ်ပွားခဲ့သည့် ယင်း တိုက်ပွဲကြောင့် ကိုးအင်းရွာ ဒေသခံ တချို့ ထွက်ပြေး တိမ်းရှောင် နေရသည်။

ယမန်နေ့ မတ်လ ၁၈ ရက်နေ့ ညနေပိုင်းကလည်း တနင်္သာရီနှင့် မြိတ်မြို့နယ် အကြားရှိ ဇဝဲလမ်းဆုံ အနီးတွင် စစ်ကောင်စီတပ်နှင့် PDF တို့ တိုက်ပွဲ ဖြစ်ခဲ့ပြီး ရဲတပ်သား လေးဦး ထိခိုက်ခဲ့ကာ လက်နက် နှစ်လက် သိမ်းဆည်း ရမိခဲ့ကြောင်း PDF အဖွဲ့ထံက သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required