လာအိုကွန်မြူနစ်ပါတီက ခေါင်းဆောင်သစ်ကို ရွေးချယ်

လာအိုကွန်မြူနစ်ပါတီက ခေါင်းဆောင်သစ်ကို ရွေးချယ်

ဗီယန်ရှဲန်း၊ ဇန်နဝါရီ ၂၂ ။              ။ နိုင်ငံရေးလောကမှ ထွက်ခွာသည့် အချက်ပေးမှုအဖြစ် ဝန်ကြီးချုပ်နှင့် ပါတီအကြီးအကဲဟောင်းမပါဝင်သော အသစ်ဖွဲ့စည်းလိုက်သည့် ဗဟိုကော်မတီက မဲပေးမှုပြုလုပ်ပြီးနောက် လာအို၏ ကွန်မြူနစ်ပါတီက ပါတီ၏ ခေါင်းဆောင်သစ်အဖြစ် ဘောင်နန်ဗိုရာချစ်ကို ဇန်နဝါရီ ၂၂ တွင် ရွေးချယ်လိုက်သည်။

လက်ရှိ ဒု-သမ္မတဖြစ်သူ အသက် ၇၈ နှစ်အရွယ်ရှိ ဘောင်နန်သည် ငါးနှစ်တစ်ကြိမ်ပြုလုပ်သော ပါတီ၏ ကွန်ဂရက်တွင် ခေါင်းဆောင်နေရာအတွက် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်ဟု နိုင်ငံပိုင် KPL သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

သို့သော်လည်း ပေါ်လစ်ဗျိုရိုသစ်တွင် ပါဝင်သူတို့၏ အမည်စာရင်းကိုမူ မဖော်ပြခဲ့ပေ။ ၂၀၁၁ခုနှစ်နောက်ပိုင်း ပျမ်းမျှစီးပွားရေးတိုးတက်မှု ၇ဒသမ၈ရာခိုင်နှုန်းရှိနေစဉ် ရွေးချယ်မှုမှာ အာဏာကို ပါတီက တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားသည့် အခြေအနေအတိုင်း ဆက်လက်ရှိနေမည်ဟု ကျွမ်းကျင်သူများက မျှော်လင့်ခဲ့သည်။

ရာထူးမှ ဆင်းပေးမည့် အသက် ၇၉ နှစ်အရွယ်ရှိ ပါတီအကြီးအကဲနှင့် သမ္မတဖြစ်သူ ချောင်မာလီဆာယာဆုန်သည် ၂၀၀၆ခုနှစ်ကတည်းက ရာထူးနှစ်ခုကို ယူထားခဲ့ပြီး ၎င်းနှင့် အတူ အသက် ၇၁ နှစ်အရွယ် ဝန်ကြီးချုပ် သောင်ဆင်းသမ်မာဗောင်တို့မှာ တာဝန်ထမ်းဆောင်နေသည့် ပေါ်လစ်ဗျူရိုလေးဦးတွင် ပါဝင်သော်လည်း ယင်းလေးဦးမှာ ထိပ်တန်းကော်မတီတွင် ပါဝင်ရန် လျှောက်ထားခြင်းမရှိဟု နိုင်ငံပိုင်မီဒီယာက အစီရင်ခံသည်။

ဘောင်နန်သည် ဇန်ဝါရီ ၂၂က ကြေညာခဲ့သော ၇၇ဦးပါ ဗဟိုကော်မတီသစ်စာရင်း၏ ထိပ်ဆုံးတွင်ပါဝင်ခဲ့ပြီး ပြန်လည်ရွေးကောက်ခံရရေးအတွက် လျှောက်ထားခဲ့သော အဖွဲ့ဝင် ၃၉ ဦးစလုံး ရွေးချယ်ခံခဲ့ရသည်။ စာရင်း၏ ဒုတိယနေရာတွင် ရှိသူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်းဖြစ်သူ ပဲနီယာသိုတူဖြစ်ရာ ဝန်ကြီးချုပ်ဖြစ်လာနိုင်ခြေရှိသည်ဟု လာအိုကျွမ်းကျင်သူနှင့် ကွင်းစလန်တက္ကသိုလ်မှ အငြိမ်းစားပါမောက္ခတစ်ဦးဖြစ်သူ မာတင်စတျူးဝပ်ဖောက်စ်က ပြောသည်။

ဝန်ကြီးချုပ်နှင့် ကက်ဘိနက် ရာထူးနေရာများကို ကွန်ဂရက်တွင် ကြေညာရန် စီစဉ်မထားပေ။ "အထူးခြားဆုံးရာထူးတိုးကတော့ မဒမ်ပဲနိပါပဲ"ဟု ၎င်းကပြောသည်။ ထို့အပြင် ယခုအချိန်တွင် အလွန်အာဏာရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်နေကြောင်းလည်း ၎င်းကထပ်မံပြောကြားခဲ့သည်။ ၁၉၉၁ခုနှစ်ကတည်းက ပေါ်လစ်ဗျူရိုအဖွဲ့ဝင်များဖြစ်နေသော သောင်ဆင်းနှင့် ချောင်မာလီတို့ မည်သည့်အတွက်ကြောင့် ပြန်လည်အရွေးမခံသည်ကို နိုင်ငံပိုင်မီဒီယာက မဖော်ပြခဲ့ပေ။

လာအိုသည် ကွန်မြူနစ်ဗီယက်နမ်နှင့် ရင်းနှီးသည့် နိုင်ငံရေးဆက်ဆံမှုရှိပြီး နိုင်ငံရေးစနစ်လည်း ဆင်တူသည်။ သို့သော်လည်း အိမ်နီးချင်းကွန်မြူနစ်တရုတ်က လာအိုအပေါ်သြဇာလွှမ်းမိုးနိုင်ရေး အကူအညီများပေးကာ ဗီယက်နမ်နှင့် အသည်းအသန်ယှဉ်ပြိုင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly