တနင်္သာရီမြို့နယ် တကူတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ပြင်းထန် ဒဏ်ရာရဟုဆို

By ကိုရွှေမြိတ်
17 March 2022
တနင်္သာရီမြို့နယ် တကူတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ပြင်းထန် ဒဏ်ရာရဟုဆို

မတ် ၁၇

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူတိုက်နယ် သာရဘွင်ကျေးရွာ အုပ်စုရှိ မယ်ငေါရွာတွင် ယမန်နေ့ မတ်လ ၁၆ ရက် နံနက် ၁၁ နာရီတွင် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ပြင်းထန် ဒဏ်ရာ ရခဲ့ကြောင်း ဒေသကာကွယ်ရေးတပ် ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။

“သာရဘွင်မှာ စစ်ကောင်စီ တပ်ဖွဲ့ အင်အား ၂၀ နီးပါးနဲ့ နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့ပါတယ်။ သူတို့ဘက်က နှစ်ဦး ထိခိုက် ဒဏ်ရာ ရတယ်။ နှစ်ဖက်လုံး ကျဆုံး မရှိပါဘူး” ဟု သာရဘွင်ကျေးရွာနေ ဒေသခံက ပြော သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ် ဘက်က လက်နက်ကြီးများ အသုံးပြုသဖြင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း ၎င်းကပြောသည်။

တကူ-သာရဘွင် တစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ အင်အား ဖြည့်တင်းလျက်ရှိရာ လက်ရှိ အင်အား ၁၀၀ ကျော်ရှိ နေပြီ ဖြစ်ကြောင်း သိရသည်။

#Mizzima

#တနင်္သာရီမြို့နယ်

#တကူတိုက်ပွဲ

#တိုက်ပွဲ

#ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly