နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒ လမ်းကြောင်းကို တရုတ် ဝန်ကြီးချုပ် ပြောကြား

နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒ လမ်းကြောင်းကို တရုတ် ဝန်ကြီးချုပ် ပြောကြား

တရုတ်ဝန်ကြီးချုပ် လီခါ့ချင်သည် ပေကျင်းမြို့တွင် ကျင်းပသည့် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ၅ ကြိမ်မြောက် အစည်းအဝေးတွင် အစိုးရလုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ၂၀၂၂ ခုနှစ် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလုံးစုံ လိုအပ်ချက်များနှင့် မူဝါဒ လမ်းညွှန်ချက်ကို အသိပေးလိုက်သည်။

အဆိုပါ အစီရင်ခံစာတွင် ဝန်ကြီးချုပ်က တရုတ်ပြည်တွင်းနှင့် ပြင်ပတွင် ရှုပ်ထွေးပွေလီပြီး စိန်ခေါ်မှုများရှိနေသော အခြေအနေများကို ရင်ဆိုင်ရသော်လည်း ကြိမ်ဖန်များစွာ ကြိုးပမ်း အားထုတ်မှုများကြောင့် တရုတ်နိုင်ငံသည် ၂၀၂၁ခုနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုတွင် ရလဒ်အသစ်များနှင့် ကြီးမားသော အောင်မြင်မှုများ ထပ်မံရရှိ ခဲ့ကြောင်း ဝန်ကြီးချုပ်က ၂၀၂၁ခုနှစ်အစိုးရလုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ဖော်ပြ ခဲ့သည်။

"မိမိတို့၏ အောင်မြင်မှုများကို အသိအမှတ်ပြုရင်း ရှေ့မှောက်တွင် ရှိနေသော ပြဿနာများနှင့် စိန်ခေါ်မှုများအကြောင်းကိုလည်း အလွန်ရှင်းလင်းစွာ သိပါသည်" ဟု မတ်လ ၅ရက်တွင် ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ် အစိုးရလုပ်ငန်း အစီရင်ခံစာတွင် တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် GDP တိုးတက်မှုနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်း၊ မြို့ပြအလုပ်အကိုင်သစ် ၁၁ သန်းကျော်နှင့် စားသုံးသူ ဈေးနှုန်းအညွှန်းကိန်း ၃ ရာခိုင်နှုန်းခန့် တိုးလာရေး ရည်မှန်းထားကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အစီရင်ခံစာတွင် တည်ငြိမ်သောမက်ခရိုစီးပွားရေးစွမ်းဆောင်ရည်ရရှိရန်၊ အလုပ်အကိုင်လုံခြုံရေးကို ထိန်းသိမ်း ထားရန်၊ ပြုပြင်ပြောင်းလဲမှု ပိုမိုနက်ရှိုင်းလာစေရန်နှင့် ထိပ်တန်းအဆင့်နေရာများ တိုးချဲ့ခြင်း အပါအဝင် ၂၀၂၂ခုနှစ်အတွက် အဓိကတာဝန်များကို ဖော်ပြထားသည်။

တရုတ်ခေါင်းဆောင်များဖြစ်သည့် ရှီကျင့်ဖျင်၊ လီခါ့ချင်၊ ဝမ်ယန်၊ ဝမ်ဟူနန်၊ ကျောက်လီကျီ၊ ဟန်ကျန်းနှင့် ဝမ်ချီရှန်တို့သည် မတ်လ ၅ရက်က ပြည်သူ့ခန်းမဆောင်တွင် ကျင်းပသည့် ၅ ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက် (NPC) ၏ အဖွင့်အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ .

၁ ၄ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက်နှင့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်အရေအတွက် ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းနှင့် ပတ်သက်၍ အမျိုးသားပြည်သူ့ ကွန်ဂရက်အမြဲတမ်းကော်မတီ၏ ဒုဥက္ကဌ ဝမ်ချန်က ရှင်းလင်းပြောဆိုခဲ့သည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) နှင့် မကာအိုတို့အတွက် ကိုယ်စားလှယ်များကို ၁၄ကြိမ်မြောက် အမျိုးသားပြည်သူ့ ကွန်ဂရက်တွင် ရွေးချယ်မည့် အကြမ်းဖျဉ်းနည်းလမ်းများကိုလည်း ဝမ်က ရှင်းပြခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly