ပါကစ္စတန်တွင် အလုပ်လက်မဲ့ပြဿနာနှင့် ငွေကြေးဖောင်းပွမှုတို့က ပြည်သူများအတွက် အဓိက ပူပန်စရာကိစ္စများ ဖြစ်နေ

ပါကစ္စတန်တွင် အလုပ်လက်မဲ့ပြဿနာနှင့် ငွေကြေးဖောင်းပွမှုတို့က ပြည်သူများအတွက် အဓိက ပူပန်စရာကိစ္စများ ဖြစ်နေ

ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ် အီမရန် ခန်း ဦးဆောင်သော အာဏာရပါတီ (PTI) အစိုးရသက်တမ်းကာလ ၃ နှစ်ကျော် ရှိသွားပြီးနောက်တွင် အလုပ်လက်မဲ့ဖြစ်မှုနှင့် ငွေကြေးဖောင်းပွမှုတို့က နိုင်ငံသားပြည်သူများအတွက် အကြီးမားဆုံးသော စိုးရိမ်ပူပန်စရာများ ဖြစ်နေကြောင်း မတ်လ ၈ ရက်တွင် ထုတ်ပြန်သည့် စစ်တမ်းသစ် တစ်ရပ် တွင် ဖော်ပြထားသည်။

ပါကစ္စတန်တွင် ၂၀၁၉ ခုနှစ် ဩဂုတ်လနောက်ပိုင်း အလုပ်လက်မဲ့ဖြစ်မှုနှင့် ငွေကြေးဖောင်းပွမှုတို့က စိုးရိမ်ပူပန်စေသည့် ကိစ္စရပ်များ ဖြစ်စေခဲ့သည်ဟု Ipsos စစ်တမ်းက ဖော်ပြသည်။

Ipsos သည် ဈေးကွက်သုတေသနကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုစစ်တမ်းကို ဖေဖေါ်ဝါရီ ၂၄ ရက်နှင့် မတ်လ ၁ ရက်အကြား ကောက်ယူခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်၏ လက်ရှိ ဝန်ကြီးချုပ် အီမရန် ခန်းသည် နိုင်ငံတွင် အလုပ်အကိုင် ၁၀ သန်း ဖန်တီးပေးမည် ဖြစ်ကြောင်းနှင့် အိမ်အလုံးပေါင်း ၅ သန်း ဖြည့်ဆည်းပံ့ပိုးမည် ဆိုသည့် ကတိကဝတ်နှင့်အတူ အာဏာရထားခဲ့သူ ဖြစ်သည်။

သို့သော် လက်ရှိအချိန်အထိ ဝန်ကြီးချုပ် ခန်းအနေဖြင့် ၎င်း၏ ကတိကဝတ်များ ပြီးမြောက်စေရန် သိသာထင်ရှားသည့် တိုးတက်မှု တစုံတရာ လုပ်ဆောင်ထားနိုင်ခဲ့ခြင်း မရှိဟု The Express Tribune သတင်းစာက မတ်လ ၈ ရက်တွင် ဖော်ပြသည်။

ယခုစစ်တမ်းတွင် နိုင်ငံတဝန်းမှ လူပေါင်း ၁,၀၄၈ ဦး ကို သဘောထားမေးမြန်းခဲ့ခြင်းဖြစ်ပြီး ပါဝင်ဖြေဆိုသူများအနက် ၈၀ ရာခိုင်နှုန်းခန့်က ၎င်းတို့သည် လမ်းကြောင်းမှားပေါ်တွင် ရောက်နေကြောင်းနှင့် ယမန်နှစ်အတွင်းက အခြေအနေထက် ၇ ရာခိုင်နှုန်းခန့် ပိုမိုဆိုးရွားလာခဲ့သည်ဟု ဖြေဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly