တရုတ်အခြေစိုက် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်က ရုရှားနှင့် ဘီလာရုစ်တို့ကို ချေးငွေထုတ်ပေးမှု ရပ်ဆိုင်း

By India Blooms News Service
12 March 2022
တရုတ်အခြေစိုက် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်က ရုရှားနှင့် ဘီလာရုစ်တို့ကို ချေးငွေထုတ်ပေးမှု ရပ်ဆိုင်း

တရုတ်အခြေစိုက် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) က ရုရှား၊ ဘီလာရုစ်တို့နှင့် ဆက်နွှယ်နေသည့် လုပ်ငန်းဆောင်ရွက်မှုများကို နောက်ထပ် ပြန်လည်သုံးသပ်ခြင်းမပြုမီအထိ လုပ်ငန်းဆောင်တာများ ဆိုင်းငံ့ထားမည်ဖြစ်သည်။

“တိုးတက်ပြောင်းလဲနေတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးအခြေအနေတွေရဲ့ နောက်ခံအနေအထားအရ AIIB ရဲ့ ဘဏ္ဍာရေးဂုဏ်သတင်းကို ကာကွယ်ဖို့ အစွမ်းကုန် စီမံခန့်ခွဲလုပ်ဆောင်သွားမှာပါ” ဟု ဘဏ်၏ ပြောကြား ချက်ကို ကိုးကား၍ Nikkei Asia မှ ဖော်ပြခဲ့သည်။

"ယင်းအခြေအနေများအရ ဘဏ်၏ အကောင်းဆုံးအကျိုးစီးပွားအတွက် ရုရှား၊ ဘီလာရုစ်တို့နှင့် ပတ်သက် သောလုပ်ငန်းဆောင်တာများအားလုံးကို ခေတ္တဆိုင်းငံ့ထားပြီးပြန်လည်သုံးသပ်ရန်ဆုံးဖြတ်ခဲ့သည်" ဟု ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၆ခုနှစ် ဇန်နဝါရီလတွင် စတင်လည်ပတ် ခဲ့သော ဖွံ့ဖြိုးရေးဘဏ်တွင် တရုတ်အစိုးရက ရှယ်ယာ ၃၀ ရာခိုင်နှုန်းဖြင့် အများဆုံးပါဝင်ပြီး ဗီတိုအာဏာဖြင့် ဆုံးဖြတ်နိုင်သည်။

အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အခြားအစိုးရများက ချမှတ်ထားသော ရုရှားအပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုများကို တရုတ်က ယခင်က ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

AIIB သည် ရုရှား၊ ဘီလာရုစ်တို့နှင့် ယင်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်အကဲဖြတ်ခြင်းဖြစ်ပြီး အဆို ပါ ဒဏ်ခတ်ပိတ်ဆို့မှုများသည် ကြွေးမြီပေးချေမှုများနှင့် အခြားလုပ်ဆောင်မှုများကို အနှောက် အယှက်ဖြစ်စေ မည်ကို စိုးရိမ်ကြောင်း သတင်းစာက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required