လှိုင်သာယာမြို့နယ်တွင် YBS ၂၀ ယာဉ်  ဗုံးဖောက်ခွဲခံရ

လှိုင်သာယာမြို့နယ်တွင် YBS ၂၀ ယာဉ်  ဗုံးဖောက်ခွဲခံရ
ဓာတ်ပုံ - ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာ

မတ်လ ၁၁ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်လမ်းပေါ် ရှိ ရဲတပ်ရင်း (၉ )အနီး YBS ယာဉ်ရပ်နားစခန်းဂိတ်ဝတွင် မတ် ၁၁ရက် နေ့လယ် ၃နာရီခန့်က YBS ၂၀ ယာဉ်တစ်စီး ဗုံးဖောက်ခွဲခံရကြောင်း သိရသည်။

အဆိုပါယာဉ်ကို ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း From Zero To Hero မြို့ပြပြောက်ကျားအဖွဲ့က အတည်ပြု ပြောသည်။

ဗုံးဖောက်ခွဲမှုကြောင့် YBS၂၀ ယာဉ်တစ်စီးလုံး ပေါက်ကွဲပျက်စီးသွားကြောင်းလည်း သိရသည်။

“လူအထိအခိုက်မရှိအောင် အရင်ကြည့်ပြီး လုပ်လိုက်တာပါ။ ကားကတော်တော်ထိသွားတယ်။ နောက်ပိုင်း တစ်စီးလုံး ထိသွားတာ”ဟု FROM ZERO TO HERO မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျနေသည့် စစ်ကောင်စီဒေါက်တိုင်နှင့် ပျူစောထီးဒလန်များကို ယခုထက်ပို၍ တိုက်ခိုက်သွားမည်ဟုလည်း FROM ZERO TO HERO မြို့ပြပြောက်ကျားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required