ပုလဲမြို့နယ် နှောရိုးကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ပုလဲမြို့နယ် နှောရိုးကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မတ် ၁၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ နှောရိုးကျေးရွာကို ယမန်နေ့ မတ်လ ၁၀ ရက် ည ၈ နာရီခန့်က စစ်ကောင်စီတပ် အင်အား အများအပြားဖြင့် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ တပ်စွဲထားသည့် ဇီးဖြူကုန်းရွာမှ အင်အား ၁၀၀ ခန့် ယမန်နေ့ မနက် ၉ နာရီခန့်တွင် နှောရိုးကျေးရွာ အတွင်း ဝင်ရောက်ပြီးနောက် ည ၈ နာရီခန့်မှ စတင် မီးရှို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီကောင်တွေ မနက်ထဲက ဝင်လာတာ ဇီးဖြူကုန်းရွာမှာ တပ်စွဲထားတဲ့ ကောင်တွေ အင်အား ၁၀၀ လောက်တော့ ရှိမယ်၊ ရွာထဲ ဝင်လာတာ အခုချိန်ထိ မီးရှို့နေတုန်း၊ ဘယ်လောက် ပျက်စီးသွားလဲတော့ မသိရသေးဘူး" ဟု ဒေသခံက ယမန်နေ့တွင် ပြောသည်။

နှောရိုးကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး လူဦးရေ ထောင်ချီ နေထိုင်ကြောင်း ရွာသားများ ဘေးလွတ်ရာသို့ ရှောင်တိမ်း နေရကြောင်း သိရသည်။

မတ်လ ၄ ရက်နေ့က ပုလဲမြို့နယ် ဇီးဖြူကုန်းရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသ ကာကွယ်ရေးတပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

#Mizzima

#နှောရိုးကျေးရွာ

#မီးရှို့

#Mi35

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly