ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာ တိုက်ခိုက်ခံရ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအဖွဲ့ဝင် ၁၂ဦးသေဆုံး ဟုဆို

ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာ တိုက်ခိုက်ခံရ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးအဖွဲ့ဝင် ၁၂ဦးသေဆုံး ဟုဆို

မတ်လ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မတ်လ ၉ ရက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့ဝင် ၁၂ ဦး သေဆုံးသွားကြောင်း MGN 35 ပြောက်ကျားတပ်ဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်သည်။

ကံကြီးကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးဆိုသူများသည် အနီးဝန်းကျင်ရှိ ကျေးရွာဒေသခံများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ ပစ္စည်းများကို ယူဆောင်သွားခြင်း၊ PDFရဲဘော်များ ဖမ်းဆီးခံရ၍ အသတ်ခံရခြင်း၊ ကာကွယ်ရေးတပ်ဖွဲ့များကို ချောင်းမြောင်းတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်ကို ကြားသိရ၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကံကြီးကုန်းရွာတွင် စစ်ကောင်စီအင်အား ၆၀ တပ်စွဲထားခြင်းဖြစ်ပြီး အဆိုပါတိုက်ပွဲသည် သုံးနာရီကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရန်သူဘက်မှ စစ်ကူအများအပြား ရောက်ရှိလာချိန် ပြည်သူ့ကာကွယ်ရေးတပ်များ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း MGN35 ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဆိုပါတိုက်ပွဲကို ညီနောင်တော်လှန်ရေးအဖွဲ့များဖြစ်သည့် MGN35 ပြောက်ကျားတပ်ဖွဲ့၊Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊The Value of Young Men(တောင်သာ)၊MRA(Myaung Revolution Army)အဖွဲ့တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂၃ ရက်ကလည်း ကံကြီးကုန်းရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDM ကျောင်းဆရာတစ်ဦးအပါအဝင် သုံးဦး ကျဆုံးသွားကြောင်း ချောင်းဦး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required